မကြာခင်မှာ ကျရောက်တော့မယ့် ယခုနှစ်သင်္ကြန်ပွဲတော်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချင်းတွင်းမြစ် ကမ်းနံဘေးသဲသောင်ပြင်၌ သဲပန်းပုထုဆစ်ပြသမည့် အစီစဉ်ကိုထည့်သွင်းပြသရန်စီစဉ်ထားတယ်လို့ သိရပါ တယ်။အဆိုပါ ချင်းတွင်းသင်္ကြန်ပွဲတော်တွင် ထည့်သွင်းပြသရန်စီစဉ်ထားတဲ့ သဲပန်းပုရုပ်ထုပြပွဲကတော့ ပထမဆုံး အကြိမ်ထည့်သွင်း ကျင်းပတာပဲ ဖြစ်ပါတယ်။ မတ်လ(၁၄)ရက်နေ့နံနက်(၈)နာရီခွဲခန့်မှာတော့ ချင်းတွင်းသင်္ကြန်တွင် ဆစ်ပြသနိုင်ရန် စင်္ကာပူနိုင်ငံမှသဲပန်းပုပညာရှင် စင်္ကာပူနိုင်ငံမှ သဲပန်းပုပညာရှင် Mr. Jo Oheng tan ကလာရောက်လေ့လာခဲ့တယ်လို့ သိရပါတယ်။  

ချင်းတွင်းသင်္ကြန်အတွက် မြန်မာပြည်ရဲ့ သဘာဝနဲ့ယဉ်ကျေးမှုကိုဖော်ကျူးတဲ့ သရီးဒီသဲပန်းပုကို ဖန်တီးဖို့ စီမံထားပါတယ်၊ ဘယ်လိုပုံစံမျိုးဖြစ်မလဲ ဆိုတော့ ကိုယ်တိုင်လာရောက်လေ့လာကြည့်ရှုစေချင်ပါတယ်၊ သဲပုံတာ၊ သဲတွေကျစ်အောင်လုပ်ဖို့အတွက် အကူအညီတွေ အများကြီးလိုအပ်ပါတယ်၊ အဲဒိလုပ်ဆောင်နေ တဲ့ကာလအတွင်းမှာ သဲပန်းပုဝါသနာရှင်တွေအနေနဲ့ လက်တွေ့လေ့လာခွင့်ရရှိမှာ ဖြစ်ပါတယ်'' ဟု စင်္ကာပူနိုင်ငံသား သဲပန်းပုပညာရှင် Mr. Jo Oheng Tan ကပြောပါတယ်။

မုံရွာမြို့ချင်းတွင်းသင်္ကြန်ပွဲတော်တွင် ပထမဆုံးအကြိမ်ကျင်းပသွားမယ့် သဲပန်းပုပြပွဲ မှာတော့ အမြင့်(၁၅)ပေ ကနေ (၁၈)ပေကြားရှိ သဲပန်းပုရုပ်တွေထုလုပ်ပြသသွားရန် စီစဉ်ထားတယ်လို့ တာဝန်ရှိသူတစ်ဦးကပြောပါ တယ်။အဆိုပါ သဲပန်းပုရုပ်များ အချိန်မီပြီးစီးရေးအတွက် လိုအပ်သော ပြင်ဆင်မှုများပြုလုပ်နိုင်ရန် သဲပန်းပု ပညာရှင် Mr. Jo Oheng Tan က အခုလို လာရောက်ကြည့်ရှုလေ့လာခြင်းဖြစ်တယ်လို့ သိရပါတယ်။

သတင်းအရင်းအမြစ် - မြန်မာ့အလင်း 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။