မတ် ၁၁ ရက် ၊ ည ၈ နာရီ ၁၅ မိနစ်ခန့်အချိန်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ၊ တာချီလိတ်မြို့နယ်တွင် မိုးသက် လေပြင်းများ တိုက်ခတ်ခဲ့မှုကြောင့် ဒေသခံ နေအိမ်များပျက်စီးခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ မိုးသက် လေပြင်းများ တိုက်ခတ်ခဲ့မှုကြောင့် မိုင်းကိုး ကျေးရွာ အုပ်စုရှိ ကျေးရွာများတွင် လူနေအိမ်(၇၆)လုံးနှင့် ဘုန်းကြီး ကျောင်းတစ်ကျောင်း အမိုးလန် ပျက်စီးမှုများ ဖြစ်ပွားခဲ့တယ်လို့ ပြန်ကြားရေး ဝန်ကြီးဌာနမှ သတင်းထုတ်ပြန် ထားတာပဲ ဖြစ်ပါတယ်။

မိုးသက် လေပြင်းများ တိုက်ခတ်ခဲ့မှုတွင် ပျက်စီးဆုံးရှုံးသွားခဲ့ရတဲ့ နေအိမ်များကတော့ မွန်းမွန်း (ပလောင်) ကျေးရွာတွင် သွပ်အမိုးလန်နေအိမ်(၉)လုံး၊ သက်ကယ်မိုး အိမ်ပြို(၁)လုံး၊ မနော်ကျေးရွာတွင် သွပ်အမိုးလန် (၂)လုံး၊ မိုင်းဟိကျေးရွာတွင် သွပ်အမိုးလန်(၂)လုံး၊ ကျတဲ တိုဘို ကျေးရွာတွင် သွပ်အမိုးလန်(၂၁)လုံး၊ တို့ ဖြစ်တယ်လို့ ဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။ဆက်လက်ပြီး ဘုန်းကြီးကျောင်း သွပ်အမိုးလန် (၁)ကျောင်း၊ မယ်ဖုံးလုံးကျေး ရွာတွင် သွပ်အမိုးလန် အိမ်(၆)လုံး၊ အမှတ်(၁ဝဝ၉)နယ်ခြားစောင့်တပ်တွင် သွပ်အမိုးလန် အဆောက်အဦ (၃၅)လုံး ရှိတယ်လို့ ၎င်းဒေသပြည်သူတစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။

လက်ရှိမှာတော့ အဆိုပါပျက်စီးသွားခဲတဲ့ နေအိမ်နှင့်အဆောက်အအုံများကို ဒေသခံပြည်သူများနဲ့ တာဝန်ရှိ လူကြီးမင်းများက ရှင်းလင်းရေးလုပ်ငန်းစဉ်များ ဆောင်ရွှက်လျက်ရှိတာပဲ ဖြစ်ပါတယ်။ လေပြင်းတိုက်ခတ် မှုကြောင့် ပျက်စီးခဲ့တဲ့ ကျေးရွာများကိုလည်း တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ပြီး လိုအပ်သည်များ ကူညီဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။ 

သတင်းအရင်းအမြစ် - Xinhua

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။