ဗီယက်နမ်အလှမယ်လေး ငုရင်ထရန်ဟူရန်မိုင် ကတော့ပရိတ်သတ်တွေနဲ့စိမ်းတဲ့အနုပညာရှင်တစ်ယောက်ဖြစ်မယ်လို့မထင်ပါဘူး။သူမရဲ့မျက်နှာလေးကတော့ ရင်ထဲကိုအေးမြေစေပြီး မျက်ဝန်းလေးတွေကလဲတကယ်ကို တကယ်ကိုဆွဲဆောင်မှုရှိလှတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။ 

သူမကတော့ ယမန်နေ့က Vietnam’s Press Conference 2018 ဆိုတဲ့ပွဲလေးကိုတက်ရောက်ခဲ့ပြီး ထိုပွဲလေးကိုတက်ရောက်ခဲ့တဲ့သူမရဲ့ဝတ်စုံဟာ ပရိတ်သတ်တွေကြားမှာစိတ်ဝင်စားစရာတစ်ခုဖြစ်ခဲ့ပါတယ်။ထိုဝတ်စုံလေးကိုတော့ ဒီဇိုင်နာ Thuy Nguyen ကဖန်တီးချုပ်လုပ်ပေးထားတာဖြစ်ပြီး တိုင်းရင်းသားရိုးရာဝတ်စုံလေးတစ်စုံပဲဖြစ်ပါတယ်။ 

မိတ်ကပ်ပါးပါးလေးသာလိမ်းခြယ်ထားတဲ့သူမဟာ လှပတဲ့ရိုးရာဝတ်စုံလေးနဲ့ပေါင်းဖက်လိုက်တဲ့အခါမှာတော့ သူမရဲ့အလှတွေကိုပိုမိုပေါ်လွင်စေကာ သက်ဝင်ပန်းချီကားလေးသဖွယ် လှပနေခဲ့တာပဲဖြစ်ပါတယ်။သူမရဲ့ပုံရိပ်လေးတွေဟာ ပွဲတစ်ခုလုံးရဲ့ အကြည့်တွေကိုသိမ်းပိုက်နိုင်ခဲ့ပြီး ရှုမဝတဲ့အလှတွေ ပေါ်ထွက်နေတာကြောင့် ပရိတ်သတ်တွေအတွက်လဲ သူမရဲ့ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။ 

source - Nguyen Tran Huyen 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။