ပရိသတ်တွေကို စိတ်ဝင်စားစရာစကားလုံးလှလှလေးတွေနဲ့ ပြောတက်တဲ့ မျိုးကို ကိုစန်းတစ်ယောက်တော့ ဒီနေ့လည်း ပရိသတ်ကို ချစ်စရာပုံကလေးတချို့နဲ့အတူ စာသားတစ်ချို့ကိုရေးတင်လာပါတယ် ။

“ မနက်စောစောထပြီး အလုပ်တွေကြိုးစားနေတယ်..လေယာဉ်ပျံကြီးစီးပြီး မောင့်ဆီလာမလို့” လို့ဆိုပါတယ်။

သူမဘာလုပ်လုပ်စောင့်ကြည့်ကာ ချစ်ခင်အားပေးနေတဲ့ ပရိသတ်တွေ အမြင်တစ်မျိုးမ ဖြစ်စေဖို့ကိုလည်း သူမက ပြန်လည်ရှင်းပြထားပါသေးတယ်နော် ။

မောင် ဆိုလို့စိတ်မဆိုးကြပါနဲ့အုံးတဲ့ မောင်ဆိုတာဒီတိုင်း စနောက်တဲ့သဘောနဲ့ ရေးထား တာလို့လဲ ရှင်းပြထားပါသေးတယ် ။

အနုပညာရှင်တွေတော်တော်များများတက်ရောက်ရမယ့် အကယ်ဒမီပေးပွဲကိုတော့ သူမက မတက်ရောက်သေးဘူးလို့ ဆိုပါတယ်။

ဒီပွဲကြီးဟာ သူမနဲ့မသက်ဆိုင်သေးသလို နောက်တစ်ချိန် သူမအနေနဲ့ သရုပ်ဆောင်လောက ထဲ ဝင်ရောက်နိုင်တဲ့အချိန်ကျရင်တော့ ဂုဏ်ယူစွာ တက်ရောက်ဖြစ်မှာလို့ ပြောပြခဲ့ပါ သေးတယ်။

ရိုက်ကူးရေးရှုတင်တွေနဲ့ မကြာခဏဆိုသလို မြင်တွေ့နေရတဲ့သူမက အနုပညာလောက ထဲကို ဝင်ရောက်လာဖို့အတွက် အားသွန်ခွန်စိုက် ကြိုးစားလို့နေပါပြီ ။

ပရိသတ်အချစ်တော်ဖြစ်နေတဲ့ သူမလေးကိုလည်း အရင်ကထက်ပိုပြီးချစ်ပေးဖို့ မမေ့ပါနဲ့နော် ။

Source – Myo KoKo San FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။