သရုပ်ဆောင် ဇဏ်ခီဟာ သူရဲ့ မုဒြာခေါ်အဖွဲ့သားတွေနဲ့ အတူ မန္တလေးကိုရောက်ရှိလာခဲ့ပါတယ်။ အဖွဲ့သားတွေအားလုံး ရွှေသင်္ကန်းကပ် အလှူအတန်းတွေ ပြုလုပ်ခဲ့ကြပြီး ဆုတောင်း အမျှဝေခဲ့ကြပါတယ်။ 

ဇဏ်ခီဟာ မုဒြာရဲ့ခေါ်သံ ဇာတ်ကားမှာ ပါဝင်တဲ့ မင်းသားတစ်ယောက်ဖြစ်ပြီး ဒီဇာတ်ကားဟာ နိုင်ငံတကာက အသိအမှတ်ပြုခံရပြီး ဆုပေါင်းများစွာရှိထားတဲ့ဇာတ်ကားလည်းဖြစ်ပါတယ်။ ပွဲမထွက်ခင်ထဲက တာဆူနေတဲ့ ဇာတ်ကားဖြစ်တာကြောင့် ဒီဇာတ်ကားထွက်လာမယ်ဆိုရင်တော့ ရုံပြည့်ရုံရုန်တော့မှာမယ်လို့ ထင်မိပါတယ်။ 

အခုတော့ မန္တလေးကိုရောက်ရှိနေပြီး သူ့ရဲ့ဖေ့စ်ဘုတ်မှာတော့ “မန်းလေးရောက် ဂျေဒင်တစ်ယောက်..

Red Carpet မတိုင်မှီ မဟာမြတ်မုနိမှာ မုဒြာတစ်ဖွဲ့လုံးအတွက် ရွှေသင်္ကန်းကပ် ဦးတိုက် ဆုတောင်း အမျှဝေ..

Hotel ပြန်ရောက်တော့ ခေါင်မိုးပေါ်တက် view ကြည့် ဓါတ်ဖမ်း” ဆိုပြီးပြောဆိုထားပါတယ်။ 

source - ဇဏ်ခီ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။