မြိတ်ခရိုင်၊ကျွန်းစုမြို့နယ်၊မဲတောကျေးရွာ

အုပ်စု၊ စစ်ဘုကျေးရွာတွင် ဒီဇင်ဘာ(၁၉) ရက် ၊ ညဉ့်(၁)နာရီအချိန်ခန့်က ခရုဝယ်ယူ

ရန် စရန်ငွေ(၄၀,၀၀၀)ကျပ်ပေးသည့်ကိစ္စ

နှင့် လင်မယားချင်းစကားများရာမှဇနီးဖြစ်

သူက ခင်​ပွန်​းဖြစ်သူအား ကတ်ကြေးဖြင့် ထိုးရာရျ် စခန်းသစ်တိုက်နယ်ဆေးရုံသို့တင်ပို့ရာ ယင်းနေ့ နေ့လည်(၂)နာရီတွင် ကွယ်လွန်သွားပါသည်။

ဖြစ်စဉ်မှာ စစ်ဘုရာအိမ်မှူးဖြစ်သူမှာ တရွာတည်းနေ အဘ ဦးဖေစိန်၏ သား ဦးရဲဝင်း အသက် ၄၂ နှစ်သည် ဇနီးဖြစ်သူ အဘ ဦးရွှေလင်း၏သမီး မဝေဝေမြင့် အသက် ၃၄ နှစ် တို့မှ လင်မယားရန်ဖြဝ်ရျ် ဖျန်ဖြေရန်သွားရာ ဦးရဲဝင်း အားအိပ်ရာထက်တွင် ရင်ဖတ်၌ မျက်နှာသုတ်ပဝါဖြင့်ဖိထားပြီး ​သွေးထွက်​ နေသည်ကိုတွေ့ရသဖြင့် ဇနီးဖြစ်သူ မဝေဝေမြင့်အား မေးရာ လင်မယားရန်ဖြစ်ရာမှ ဇနီးဖြစ်သူက ကတ်ကြေးဖြင့် ထိုးလိုက်ကြောင်းသိ၇သဖြင့် ကံမော်နယ်မြေရဲစခန်းသို့ တိုင်တန်းခဲ့ရာ ပုဒ်မ ၃၂၆ အရ အမှုဖွင့်လှစ်ခဲ့ပြီး ကတ်ကြေးဖြင့် အထိုးခံရသူဥိးရဲဝင်းမှာ ဒီဇင်ဘာ ၁၉ ရက် ၊ နေ့လည် ၂ နာရီက စခန်းသစ်တိုက်နယ်ဆေးရုံ၌ ကွယ်လွန်သွားသဖြင့် ပုဒ်မ ၃၀၂ သို့ပြောင်းလဲ အမှုဖွင့်လှစ်ခဲ့ပါသည်။

Creditမြိတ်​သတင်​း

Via Myat Htut -Myeik

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။