ပရိသတ်အချစ်တော် မြန်မာ့ဂုဏ်ဆောင်ကစားသမားကြီး အောင်လအန်ဆန်းကို ပရိသတ်အားလုံးသိမယ်ထင်ပါတယ်။ အောင်လအန်ဆန်းကတော့ လက်ရှိ One Championship ရဲ့ ချန်ပီယံ ဂုဏ်ပုဒ်ကို ရရှိထားသူတစ်ယောက်လည်း ဖြစ်ပါတယ်။ မကြာသေးမီက မတူညီတဲ့ ဝိတ်တန်းနှစ်ခုကို အနိုင်ယူခဲ့ပြီး သမိုင်းသစ်ရေးထိုးထားတာကို ပရိသတ်ကြီးလည်း သိမယ်ထင်ပါတယ်။ 

လက်တလော အောင်လအန်ဆန်းကတော့ ကြော်ငြာဗီဒီယိုများစွာကို ရိုက်ကူးနေကြောင်း သိရပါတယ်။ အဆိုပါကြော်ငြာတွေထဲက ယခု Myanmar Awba ကြော်ငြာကို သဘာဝကျကျတောသားကြီးတစ်ယောက်ပုံစံဖြစ်ရိုက်ကူးထားတာတွေ့ရပါတယ်။ အဆိုပါ ကြော်ငြာရိုက်ကူးဓာတ်ပုံများကို အောင်လ၏လူမှုစာမျက်နှာပေါ်တွင် ပြသထားတာတွေ့ရပါတယ်။  

၎င်းကြော်ငြာဓာတ်ပုံများနှင့်အတူ "I would be ok living as a farmer here for the rest of my life. I am definitely in my element." ဟူ၍ ရိုးသားတဲ့ တောသားကြီးတစ်ယောက်ဖြစ်ကြောင်း ပြသထားတာတွေ့ရပါတယ်။ ပရိသတ်အချစ်တော်အောင်လအန်ဆန်းကတော့ မကြာမီပြည်ပမှာ ခါးပတ်ကာကွယ်ဖို့ ထိုးသတ်ရန်ရှိနေကြောင်း သိရပါတယ်။ ပရိသတ်ကြီးအတွက် ဒီကနေ့အောင်လရဲ့ ကြော်ငြာရိုက်ကွင်းပေါ်က ဓာတ်ပုံများနှင့်အတူ မျှဝေပေးလိုက်ပါတယ်။

Source - Aung La Nsaun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။