မတ် ၁၃ ရက် နံနက် ၉ နာရီအချိန်၊ ရန်ကုန်တိုင်းဒေသကြီး၊ရန်ကုန်မြို့၊မြို့နယ် အသီးသီးတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး အသိပညာပေးဟောပြောပွဲ များပြုလုပ်ကျင်းပခဲ့တယ်လို့ သိရပါတယ်။ ရန်ကုန်မြို့ မြို့နယ် အသီးသီးတွင် မှုခင်းပညာပေးပြခန်းယာဉ်များဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများနဲ့ မူးယစ်တာဆီးရေးရဲတပ်ဖွဲ့မှ ရဲအရာရှိများ ပူးပေါင်းကာ အခုလိုအသိပညာပေး ဟောပြောပွဲများ ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ မင်္ဂလာတောင် ညွန့် မြို့နယ်မှာတော့ မြို့နယ်ရဲစခန်းမှူး ဒုရဲမှူးဇော်ဝင်းနိုင်နှင့်တာဝန်ရှိသူများ၊ ရန်ကုန်ဘူတာကြီးမှ တာဝန်ရှိ သူများ ပူးပေါင်းကာ မှုခင်းကျဆင်းရေး၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး၊ မူးယစ်ဆေးဝါးအန္တရာယ်၊ ယာဉ်စည်း ကမ်း၊ လမ်း စည်းကမ်းများကို အသိပညာပေးဟောပြောပြီးလက်ကမ်းစာစောင် များ ဖြန့်ဝေပေးခဲ့တာ ဖြစ်တယ် လို့ သိရပါတယ်။ 

သာကေတမြို့နယ်တွင်လည်း သာကေတ ၁ဝ/တောင်ရပ်ကွက်၊ သာကေတအဝိုင်းအနီးတွင်၊ ရန်ကုန် တိုင်းဒေ သကြီး ရဲတပ်ဖွဲ့မှ မှုခင်းပညာပေးပြခန်းယာဉ်ဖြင့် လိုက်လံအသိပညာပေးဟောပြောပေးခဲ့တယ်လို့သိရပါတယ်။ သာကေတ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်နိုင်၊ သာကေတနယ်မြေရဲစခန်းမှူး ရဲအုပ်သန်းစိုးနှင့် တာဝန်ရှိသူ များမှ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး မှုခင်းပညာပေးဟောပြောပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့တာပဲ ဖြစ်ပါတယ်။ 

ထို့ပြင် မတ် ၁၂ ရက် နံနက် ၉ နာရီအချိန် မြောက်ဥက္ကလာပမြို့နယ်၊ (ဈ)ရပ်ကွက် ရတနာသိင်္ဂီဈေးရှေ့တွင် လည်းမှုခင်းပညာပေးပြခန်းယာဉ်ဖြင့် အသိပညာပေးဟောပြောပွဲများ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ မြောက် ဥက္ကလာပ မြို့မရဲစခန်းမှူး ခေတ္တစခန်းမှူး ရဲအုပ်ဇော်လင်းထွန်းနှင့် တာဝန်ရှိသူများမှ သက်ငယ်မုဒိမ်းမှု ပပျောက်ရေး၊ မှုခင်းကျဆင်းရေး၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး၊ မူးယစ်ဆေးဝါးအန္တရာယ်များကို အသိပညာပေးဟောပြောခဲ့တယ်လို့ သိရပါတယ်။  

သတင်းအရင်းအမြစ် - The Mirror Daily

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။