မြန်မာနိုင်ငံရဲ့ နာမည်ကြီးအစီအစဉ်တစ်ခုဖြစ်တဲ့ Myanmar idol ဆိုတဲ့ သီချင်းဆိုပြိုင်ပွဲ ကိုတော့ လူတိုင်းကြည့်ဖူးမယ်ထင်ပါမယ် ။

မျိုးဆက်သစ်လူငယ်အဆိုရှင်ကလေးများကို မွေးထုတ်ပေးနေတဲ့ အစီအစဉ်မို့ လူကြိုက် များခဲ့သလို Presenter ကျော်ထက်အောင်ရဲ့ စမတ်ကျတဲ့ရှုပကာကြောင့်လည်း နာမည် ကြီးတဲ့ ပြိုင်ပွဲတစ်ခု ဖြစ်ခဲ့ပါတယ် ။

ဒီပြိုင်ပွဲလေးကနေ နာမည်ကြီးခဲ့တဲ့ သူတစ်ယောက်ကတော့ အခုဆိုရင် ကြော်ငြာများနဲ့ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးနေရပြီပဲ ဖြစ်ပါတယ် ။

မနေ့ကတော့ မခိုင်လေးနဲ့အတူ H & Z Fashion ကြော်ငြာနဲ့ ရိုက်ကူးရေးတစ်ခုမှာ မြင်တွေ့ခဲ့ရပါတယ်။ ပျော်ပျော်ရွှင်ရွှင်နဲ့ အမြဲစစနောက်နောက် နေတက်တဲ့ သူတို့နှစ်ဦး

ဘယ်လောက်ပဲ အလုပ်တွေများနေပါစေ ချစ်တဲ့အနုပညာအလုပ်တွေအတွက်တော့ အပြုံးကိုယ်စီနဲ့ တက်ကြွနေတဲ့ သူတို့ပါပဲ ပရိသတ်ကြီးရေ ။

တက်သစ်စသရုပ်ဆောင်တစ်ယောက်ဆိုပေမယ့်လည်း အခိုင်အမာပရိသတ်တွေနဲ့အတူ မိန်းမချောလေးတွေ ဝန်းရံနေတဲ့ သူတစ်ယောက်မို့ သူရဲ့အနုပညာလှုပ်ရှားမှုတိုင်းက အားရစရာများဖြစ်သာ အဆုံးသတ်ခဲ့ပါတယ် ။

ရုပ်ရှင်ဇာတ်ကားကြီးများနဲ့အတူ ပရိသတ်ရှေ့ကိုမကြာမီပြန်လည်ရောက်ရှိလာတော့မယ့် မင်းသားကျော်ထက်အောင်ကိုရဲ့ အနုပညာလှုပ်ရှားမှုများကိုလည်း တူတူစောင့်ကြည့်ရ အောင်နော် ပရိသတ်ကြီး ။

Source – Kyaw Htet Aung FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။