မြန်မာယူ-၁၉ အမျိုးသမီးအသင်းသည် ၂၀၁၇ အာရှယူ-၁၉ အမျိုးသမီးပြိုင်ပွဲ ခြေစစ်ပွဲ အဖွင့်ပွဲစဉ်အဖြစ် ယှဉ်ပြိုင် ကစား ခဲ့သော ပါလက်စိတုင်း ယူ-၁၉ အမျိုးသမီးအသင်းနှင့် ပွဲစဉ်တွင် (၁၀-၀)ဂိုး ဖြင့် အနိုင်ရရှိပြီး ပထမပွဲစဉ်များ အပြီးတွင် အုပ်စု ပထမအဖြစ် ရပ်တည်နိုင်ခဲ့သည်။

ထိုပွဲစဉ် မြန်မာအသင်းသည် ပလက်စတိုင်းအသင်းဘက်ကို ပွဲစသည်နှင့် တိုက်စစ်ဆင်မှုများ ပြုလုပ်ခဲ့ပြီး ပွဲချိန် ၁မိနစ်ပြည့် မီမှာပင် ဂိုးပေါက်ချိန်းခြောက်မှုပြုလုပ်နိုင်ခဲ့ပြီး ပွဲချိန် ၁၀ မိနစ်အတွင်း ဂိုးပေါက်ချိန်းခြောက်မှု များစွာ ပြုလုပ်နိုင်ခဲ့သော် လည်း ဂိုးအဖြစ် ပြောင်းလဲနိုင်ခြင်း မရှိခဲ့ပေ။ ပွဲချိန် ၂၆ မိနစ်အရောက်တွင် မြန်မာအသင်းအဖွင့်ဂိုး ရရှိခဲ့ပြီး ထိုဂိုးကို ရွှေမိုးအေး၏ ပေးပို့မှုမှ တစ်ဆင့် နုနုက သွင်းယူခဲ့ခြင်းဖြစ််သည်။ ထို့အပြင် ပွဲချိန် ၃၃ မိနစ်တွင်လည်း ရွှေမိုးအေး၏ ဖျက်တင်ဘောကို ဇူလိုင်ကျော်က အနီးကပ်ပိတ်သွင်းခဲ့ပြီး မြန်မာအသင်း အတွက် ဒုတိယဂိုး ရယူနိုင်ခဲ့သည်။ ထို့အပြင် ပွဲချိန် ၃၆ မိနစ်တွင် ဇူလိုင်ကျော်ကလည်းကောင်း၊ ပွဲချိန် ၃၉ မိနစ်တွင် ရွှေမိုးအေးတို့က မြန်မာအသင်းအတွက် ဂိုးများကို ထပ်မံ သွင်းယူခဲ့ပြီး ပထမပိုင်းပွဲပြီး ဆုံးချိန် တွင် မြန်မာ အသင်းက လေးဂိုး ဂိုးမရှိဖြင့် ဦးဆောင်ကစားနိုုင်ခဲ့သည်။

ထို့အပြင် ဒုတိယပိုင်း ပြန်လည် စတင်ချိန်တွင် မြန်မာအသင်းအတွက် ပဥ္စမမြောက်ဂိုးကို ဇူလိုင်ကျော်က ထပ်မံ သွင်းယူခဲ့ပြီး ယင်းဂိုးသည် သူမအတွက် ဟက်ထရစ် ရရှိစေခဲ့သော ဂိုးဖြစ်စေခဲ့သည်။ ထို့အပြင် ဇူလိုင်ကျော်ကပွဲချိန် ၅၈ မိနစ်နှင့် ၆၉ မိနစ်တို့တွင် မြန်မာအသင်းအတွက် ဂိုးထပ်မံ သွင်းယူနိုင်ခဲ့သည်။ ထို့အပြင် နုနုကလည်း ပွဲချိန် ၈၆ မိနစ်နှင့် မိနစ်၉၀ တို့တွင် ထပ်မံ၍ နှစ်ဂိုးသွင်းယူနိုင်ခဲ့ပြီး သင်ဇာချိုက ပွဲချိန် ၉၀+၄ မိနစ်တွင် တစ်ဂိုး ထပ်မံ သွင်းယူနိုင်ခဲ့သောကြောင့် ပွဲအပြီးတွင် ၁၀ ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

မြန်မာယူ-၁၉ အမျိုးသမီးအသင်း နည်းပြချုပ် ဦးဝင်းမြင့်သွင်က “ကျွန်တော်တို့ အစောပိုင်းမှာ ရသင့်တဲ့ဂိုးတွေ မရခဲ့ ပါဘူး။ ဒါက လည်း ဂိုးကွာခြားချက်က ကစားသမားတွေအတွက် ဖိအားဖြစ်စေခဲ့လို့ပါ။ နောက်ပိုင်းမှာ ဒါကို ထိန်းနိုင် ခဲ့တယ်။ ဂိုးကွာခြားချက်က အရေးကြီးပေမဲ့ တစ်ပွဲချင်းစီကို အနိုင်ကစားသွားပါမယ်။ ကျွန်တော့်ကစားသမားတွေရဲ့ စွမ်းဆောင်ရည်နဲ့ ကြိုးစားအားထုတ်မှုကိုလည်း ချီးကျူးလိုပါတယ်”ဟု ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

Ref., MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။