ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ မော်ရိုကိုနိုင်ငံသို့ ရောက်ရှိနေတယ်လို့ သိရ ပါတယ်။မတ်လ(၁၅)ရက်နေ့ ၊ယနေ့နံနက် ၂ နာရီ ၁ဝ မိနစ်တွင် ရန်ကုန်မြို့မှ မော်ရိုကိုနိုင်ငံသို့ လေကြောင်း ခရီးဖြင့် စတင်ထွက်ခွာသွားခဲ့တာပဲ ဖြစ်ပါတယ်။အဆိုပါ ကိုယ်စားလှယ်အဖွဲ့ကတော့ မော်ရိုကိုနိုင်ငံ Dakhla မြို့တွင် ကျင်းပမည့် Crans Montana Forum on Africa and South-South Cooperation အစည်း အဝေးသို့ တက်ရောက်ရန် သွားရောက်နေတာဖြစ်တယ်လို့ သိရပါတယ်။  

ဒုတိယသမ္မတ ဦးဆောင်သောအဖွဲ့ကိုတော့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လိုက်လံပို့ဆောင်ပေးခဲ့ပြီ နှုတ်ဆက် ခဲ့ကြတာပဲ ဖြစ်ပါတယ်။ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့်အတူ အဖွဲ့ဝင်အဖြစ် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဆက်အောင် လည်းလိုက်ပါသွားခဲ့တယ်လို့ သိရပါတယ်။ 

အဲ့ဒီနောက်မှာတော့ ဒုတိယသမ္မတနှင့် အဖွဲ့ဟာ ဒေသစံတော် ချိန် မွန်းလွဲ ၁၂ နာရီ ၁ဝ မိနစ်တွင် မော်ရိုကို နိုင်ငံ ကာဆာဘလန်ကာမြို့သို့ ရောက်ရှိခဲ့ကြတာပဲဖြစ်ပါတယ်။ဒုတိယသမ္မတနှင့် အဖွဲ့ကိုတော့ ဘလန်ကာ ပြည်နယ် အုပ်ချုပ်ရေးမှူးH.E.Mr. Aziz DADAS ၊ မော်ရိုကိုနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမြင့်လွင်နှင့် တာဝန်ရှိသူများက မော်ရိုကိုနိုင်ငံ ဂုဏ်ပြုတပ်ဖွဲ့ နှင့်အတူ ပဉ္စမမြောက် မိုဟာမက်အပြည်ပြည်ဆိုင်ရာလေဆိပ် တွင် ကြိုဆိုနှုတ်ဆက်ကြခဲ့တယ်လို့ သိရပါတယ်။ဆက်လက်ပြီး ဒုတိယသမ္မတနှင့် အဖွဲ့ဟာ ခေတ္တတည်းခိုမည့် Atlas Air-port ဟိုတယ်သို့ မော်တော်ယာဉ်များဖြင့် ရောက်ရှိ ခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။  

သတင်းအရင်းအမြစ် - MOI Webportal Myanmar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။