ရာသီဥတုပူပြင်းတဲ့ ဒဏ်ကိုအပြင်းထန်ခံစားနေရတဲ့ ကျေးရွှာဒေသများတွင် သောက်ရေနည်းပါးလာတဲ့ ပြသနာ များနဲ့ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။အဆိုပါ သောက်ရေနည်းပါးလာမှုပြသနာနဲ့ ရင်ဆိုင်နေရတဲ့ ကျေးရွှာများ သို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှသောက်သုံးရေများ လိုက်လံလှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။မတ်-၁၃ရက်၊ ညနေ ၃ နာရီအချိန်ခန့်မှာတော့ နွားထိုးကြီးမြို့နယ်၊ ရုံးပင်ကုန်း ကျေးရွာရှိ ပရိယတ္တိ စာသင်တိုက်သို့ မြို့နယ်ရဲတပ် ဖွဲ့မှူး ရဲမှူး မြင့်စိုးဦးဆောင်မှုဖြင့် ဒုရဲမှူး အောင်လွင်ငြိမ်းနှင့် တပ်ဖွဲ့ဝင်များမှ သောက်သုံးရေများ သွားရောက်လှူ ဒါန်းခဲ့တာပဲ ဖြစ်ပါတယ်။ 

အဆိုပါ ရုံးပင်ကုန်းကျေးရွာ၊ ပရိယတ္တိစာသင်တိုက်မှာတော့ ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်ထားထားရှိထား တာ ပဲဖြစ်ပါတယ်။အဆိုပါ သင်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ (၂၅၃)ဦးတက်ရောက်နေတာဖြစ် ပြီး သင်တန်းသားများ သောက်သုံးရေပြတ်လပ်မှုမရှိစေရန်နှင့် သောက်သုံးရေများ လှူဒါန်းခဲ့ပြီး ကျေးရွာအတွင်း အများသုံး သောက်ရေကန်တွင် လည်းလှူဒါန်းခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့မ တာဝန်ရှိသူတစ်ဦး ကပြောပါ တယ်။ 

ရုံးပင်ကုန်းကျေးရွာဟာ ရာသီဥတုပူပြင်းခြင်းကြောင့် အောက်ခံ ရေစုပ်ယူမှုများ၍ ရေတွင်းရေကန်များ ရေလျော့နည်းကာ သောက်သုံးရေ နည်းပါးမှုဖြစ်ပေါ်လျက်ရှိတာပဲ ဖြစ်ပါတယ်။ အဆိုပါကျောင်းတိုက်သို့ မေတ္တာမွန်လူမှုကူညီရေးအသင်းမှ ရေဂါလံ ၃ဝဝဝ ဆံ့ ရေသယ်ယာဉ်ဖြင့် မြို့နယ်ရဲတပ်မှူးရဲမှူး မြင့်စိုး၊ ဒုတိယရဲမှူး အောင်လွင်ငြိမ်းနှင့် တပ်ဖွဲ့ဝင်များ၊ မေတ္တာမွန်လူမှုကူညီရေးအသင်းမှ အဖွဲ့ဝင်များနဲ့အတူ လှူဒါန်းခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။  

သတင်းအရင်းအမြစ် - MOI Webportal Myanmar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။