ကချင်ပြည်နယ်၊ ၀ုိင်းမော်မြို့နယ်အတွင်း တပ်မတော်စစ်ကြောင်း အခြေပြုနေရာ သို့ KIA လက်နက်ကိုင် အဖွဲ့က UAV များ အသုံးပြု၍ ယမန်နေ့နံနက် ၁၀ နာရီခန့်မှ မွန်းလွဲ ၁ နာရီခွဲခန့်အတွင်း ဝေဟင်မှ သတင်း ထောက်လှမ်းခဲ့ရာ တပ်မတော် စစ်ကြောင်းက လက်နက်ငယ်ဖြင့် ပစ်ခတ်ဖျက်ဆီးခဲ့သဖြင့် UAV ၃ စီး ကောင်းကင်၌ ပေါက်ကွဲပျက်စီးကာ ကျန်တစ်စီးမှာ လက်နက်ငယ် ကျည်ထိမှန်မှုကြောင့် ပျက်ကျပြီး သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ UAV အား စစ်ဆေးရာ ဖောက်ခွဲတိုက်ခိုက်ရန် TNTယမ်းထုပ် များ တပ်ဆင်ထားပြီး ဘက်ထရီ ၃ လုံး၊ အလိုအလျောက်ပျံသန်းမှုစနစ် ၁ ခု၊ ကင်မရာ ၁ လုံး၊ မော်တာ ၅ ခု၊ GPS ၁ ခု၊ Auto Pilot Sensor ၁ ခုတို့ပါရှိ သည်ကို ကနဦးစစ်ဆေး တွေ့ရှိရပြီး လိုအပ်သော စုံစမ်းစစ်ဆေးမှုများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Ref., MOI

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။