အနုပညာရှင်၁၉ဦးထံမှ ကျပ်သိန်းတစ်သောင်းကျော် လိမ်လည်ထားသော ကဗျာဘွဲ့မှူးနှင့်ပတ်သတ်၍ အလိမ်ခံရသော အနုပညာရှင်များဘက်မှ ရှင်းလင်းပြောဆိုခဲ့သည်။

‘‘ရဲစခန်းမှာက အမှုကြန့်ကြာနေလို့ CID က ဒါကို ထိန်းချုပ် လိုက်ပါပြီဆိုတာကို ပရိသတ်ကို သိိစေချင်ပါတယ်။ ငွေပြန်ရဖို့၊ မရဖို့ ချစ်ငယ်တို့ခေါင်းထဲမှာ မရှိ ပါဘူး။ ချစ်ငယ်တို့ကို လေးစားမှု သဘောနဲ့ထွက်လာပြီး ဖြေရှင်း ပေးမယ်ဆိုရင် အရမ်းလည်းဝမ်း သာမှာပါ။ အခုက ဖုန်းလည်း ဆက်လို့မရ၊ လူလည်း ဆက်သွယ်လို့မရဆိုတော့ စော်ကားသလိုမျိုး လည်း ဖြစ်တယ်။ အခုတော့ CID ကနေ ချစ်ငယ်တို့ကို နိုဝင်ဘာ ၁၇၊ ၁၈ ရက်လောက်က ဆက်သွယ် ခဲ့ပါတယ်’’ဟု ငွေကြေးလိမ်လည် ခံရသူ မေခလာက ပြောသည်။

အနုပညာရှင်များထံမှ ငွေကြေးလိမ်လည်ထားသည်ဟုဆို ကာ အမှုဖွင့်ခံထားရသော ကဗျာဘွဲ့မှူးက အချို့သောအနုပညာရှင်များအား ငွေကြေးပြန်လည် ပေးအပ်ထားသည်မှာ မမှန်ကန်ကြောင်း၊ လိမ်လည်ခံရသည့် အနုပညာရှင်များက ၎င်းတို့၏ငွေ ကြေးများကို တစ်ဦးချင်းပြန်လည် ပေးအပ်မည်ဆိုပါက လက်မခံနိုင်ကြောင်း တေးသံရှင်ဘိုဖြူက ပြောသည်။

‘‘ကျွန်တော်တို့သည် ဒီကိစ္စနဲ့ပတ်သက်ပြီး ဘယ်သူမှဘာမှ မရသေးပါဘူး။ တစ်ပြားတစ်ချပ်မှမရသေးပါဘူး။ ပိုက်ဆံတွေကို ဘယ်သူမှမသိအောင် လက်ခံလိုက်တာ တစ်ဖွဲ့လုံးမှာဘယ်သူမှမရှိပါဘူး။ တစ်ယောက်စီလာပေး ရင်လည်း ဘယ်သူမှယူဖို့အစီအစဉ်မရှိတော့ပါဘူး။ လောလောဆယ်မှာတော့ CID ကကိုင်ထား တဲ့အတွက်ကြောင့် မှန်မှန်ကန်ကန်နဲ့ပေါ်ပေါက်လာမယ့် အမှုမျိုးဖြစ်ပါတယ်။ ကျွန်တော်တို့သည် တရားဥပဒေရဲ့ဆုံးဖြတ်ချက်အတိုင်းပဲ ကျွန်တော်တို့တွေ နာခံမှာဖြစ်ပါတယ်’’ဟု ၎င်းကပြောသည်။

‘‘ဆုံးရှုံးသွားလို့ ကိုယ့်ပိုက်ဆံကိုယ် ပြန်မလိုချင်ဘူးလားဆိုရင် ပြန်လိုချင်တာပေါ့။ ကိုယ့်ပိုက်ဆံ လည်း ပြန်လိုချင်သလို အမှန်တရားလည်း ဖြစ်စေချင်တယ်။ သူတို့ဘက်ကနေပြီး တောင်းပန်တယ်၊ အသိပေးခြင်းမရှိဘဲ အပျောက်လုပ်ချလိုက်တဲ့ အပေါ်မှာတော့ စိတ်မကောင်းဘူး။ အရင်က ခင်မင်မှုနဲ့ သူ့ကို ယုံကြည်အားကိုးမှုက ဒါတွေနဲ့ယှဉ်ရင် မပြောပ လောက်ဘူး။ တကယ်တော့ ကိုယ့် ရဲ့ ယုံကြည်မှုကိုလည်း အလွဲသုံးစားလုပ်သွားသလို ကိုယ်တွေကို လည်း အလေးမထားရာ ကျတယ်လို့ ခံစားမိတယ်။ ဒါကြောင့် ဒီအ မှုက ကျွန်မတို့ကို ပြုလုပ်သွားတဲ့ သူတွေအနေနဲ့ အသိပေးခြင်း မရှိသလို ပိုက်ဆံပြန်ပေးခြင်းမျိုး လည်း မရှိပါဘူးလို့ ပရိသတ်တွေကို သိစေချင်ပါတယ်’’ဟု ဆုန် သင်းပါရ်က ပြောသည်။

Source : local media

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။