ရွှေတိဂုံဘုရားပေါ်မှာ ပြုလုပ်နေတဲ့ သွေးလှူပွဲကို Miss Myanmar Charity Group ကအလှမယ်များလည်း သွားရောက်လှူတန်းခဲ့ကြပါတယ်။

သွေးလိုအပ်နေတဲ့ လူနာများအတွက် သူမတို့အဖွဲ့အားတက်သရော လာရောက်ကာ သွေးလှူဒါန်းခဲ့သလို သွေးလှူတန်းဖို့ကိုလည်း တိုက်တွန်းထားပါသေးတယ် ။

သူမအပြင် အလှမယ် ထားထက်ထက်၊ ဂျူးစံသာနဲ့ အမရာငြိမ်းတို့လည်း လာရောက်လှူဒါန်း ခဲ့သလို အဆိုပါပွဲကို လာရောက်လှူတန်းသူများနဲ့အတူ အမှတ်တရဓာတ်ပုံများလည်း ရိုက်ကူးပေးခဲ့ပါသေး တယ်။

အလှမယ်လောကထဲမှာ ပရဟိတအလုပ်တွေနဲ့အတူ ကောင်းသတင်းတွေနဲ့သာ ကျော် ကြား သူတွေမို့ ပရိသတ်တွေကတော့ သူမတို့ရဲ့လုပ်ရပ်ကလေးအတွက် ကျေနပ်လို့နေပါ တယ်။

Miss Myanmar Charity Group ရဲ့လှုပ်ရှားမှုတိုင်းမှာ တက်ကြွစွာပါဝင်တက်ပြီး ကိုယ်စီအနုပညာလှုပ်ရှားမှုများနဲ့ ပရိသတ်နဲ့အဆက်မပြတ်အောင် ကြိုးစားနေသူတွေပဲ ဖြစ်ပါတယ်။

ဒါကြောင့်အတွဲညီညီလုပ်ဆောင်ခဲ့တဲ့ သူမတို့အဖွဲ့ရဲ့ ပုံရိပ်ကလေးတချို့ကို Myanmar Load ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Source – Nan Khin Zay Yar FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။