မြန်မာ့ဇာတ်သဘင်လောကရဲ့ ထိပ်တန်းစရင်းထဲမှာပါဝင်တဲ့ ပရိသတ်အချစ်တော် ချောစွမ်းဇာနည်ရဲ့ စွမ်းသဘင်ဇာတ်အဖွဲ့ကြီးကလည်း ယနေ့တိုင် ပရိသတ်တွေရင်ထဲနေရာယူထားဆဲပါဖြစ်ပါတယ်။ စွမ်းဇာနည်ကတော့ အနုပညာလောကမှာရော ဇာတ်သဘက်လောကမှာပါ အရမ်းကိုအောင်မြင်နေသူ အနုပညာရှင်၊သဘင်ပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။လက်ရှိမှာတော့ ဇာတ်သဘင်ဘက်ကို ပိုအားစိုက် လုပ်ဖြစ်နေတာကြောင့် ဗီဒီယိုဇာတ်ကားတွေတောင် ရိုက်ကူးမှုနည်းပါးနေတာပဲ ဖြစ်ပါတယ်။

သူရဲ့လူမှုကွန်ယက်မှာလည်း လက်ရှိလုပ်ကိုင်နေတဲ့ အနုပညာခြေလှမ်းအသစ်မှန်သမျှ မျှဝေပေး နေတာ ကြောင့် ပရိသတ်တွေနဲ့အဆက်သွယ်မပြတ်ရှိနေတာပဲ ဖြစ်ပါတယ်။လက်တလောလူမှုကွန်ယက်မှာတော့ စွမ်းဇာနည်တို့မောင်နှမနှစ်ယောက်ရဲ့ ဗီဒီယိုလေးတွေဟာပရိသတ်တွေကြားမှာအရမ်းကို ရေပန်းစားနေပြီ အရမ်းကိုသဘောကျနေကြပါတယ်။  

ဗီဒီယိုလေးတွေထဲမှာတော့ စွမ်းဇာနည်တို့မောင်နှမနှစ်ယောက်ရဲ့ စကားပြောနေကြတဲ့ ချစ်စရာပုံရိပ်လေးတွေ မြင်တွေ့ရတာပဲဖြစ်ပါတယ်။ညီမဖြစ်သူလေးကလည်း စကားအရမ်းတက်တာကြောင့် စွမ်းရဲ့အသဲကျော်လေး ဖြစ်ပုံရပါတယ်။ပရိသတ်တွေ အချစ်ပိုသွားစေမယ့် စွမ်းဇာနည်တို့မောင်နှမနှစ်ယောက် ရဲ့ပုံရိပ်လေးတွေ မျှေ၀ ပေးလိုက်ပါတယ်နော်။ 

သတင်းအရင်းအမြစ် - စွမ်းဇာနည်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။