စပိန်နိုင်ငံ ဘာစီလိုနာမှာရှိတဲ့ လူအယောက်၂ဝလောက်ဟာ မြိုးလယ်လမ်းမှာ သူတို့ရဲ့အဝတ်အစားတွေကိုချွတ်ပြီး သွေးအတုတွေနဲ့ကိုယ်ကိုသုတ်ပြီး လူအများအံ့သြစေမယ့်အရာတစ်ခုကို လုပ်ဆောင်ခဲ့ပါတယ်။

ဒါ့အပြင်သူတို့ဟာ စူပါမားကတ်တွေမှာ ဝယ်ယူလို့ရတဲ့ အသင့်ချက်စား အသားတွေပုံစံ ဖော့ဘူးပေါ်မှာထိုင်ပြီး အပေါ်ကနေ ပလတ်စတစ်ပတ်စေခဲ့ပါတယ်။

ဒီလိုလုပ်ရတဲ့အကြောင်းရင်းကတော့ ကမ္ဘာကြီးမှာ လက်ရှိတစ်နေ့တစ်ခြားတိုးတက်လာတဲ့ အသားစားမှုနှုန်းကို လျှော့ချစေဖို့ဖြစ်ပါတယ်။ အသားတွေကို အဆမတန်စားသုံးမှုကြောင့် တိရစ္ဆာန်​လေးတွေကို သနားကြင်နာဖို့အတွက် သူတို့ဟာ ဆိုင်းဘုတ်တွေ၊ စာသားတွေ၊ ဟောပြောပွဲတွေမလုပ်တော့ဘဲ လူများတဲ့နေရာမှာ အဆိုပါသရုပ်ဖော်တာကို ပြုလုပ်ခဲ့ပြီး တစ်ကမ္ဘာလုံးကို သိမြင်စေခဲ့ပါတယ်။ 

အဆိုပါသရုပ်ဖော်သူတွေဟာ တိရစ္ဆာန်​အခွင့်အရေးကာကွယ်ရေး အဖွဲ့အစည်းကဖြစ်ပြီး တိရစ္ဆာန်​တွေရဲ့ဘက်ကနေ ဝင်ရောက်ခံစားတတ်စေဖို့၊ အသားအမြောက်အများ စားသုံးနေမှုကို လျှော့ချစေနိုင်ဖို့ သူတို့ရဲ့အားထုတ်မှု အရာရောက်မယ်လို့ မျှော်လင့်ပါတယ်လို့ ပြောကြားခဲ့ပါတယ်။ အဆိုပါ ပလတ်စတစ်ပတ်ရဲ့အပေါ်မှာတော့ " Human Meat" အသင့်ချက်စားလူသားလို့ တံဆိပ်နှိပ်ထားတာကိုတွေ့ရမှာပါ။

Source : viral4real

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။