ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်တွင် ခုတင် ၁ဝဝ ဆံ့ဆေးရုံကြီးဆောက်လုပ်နေတယ်လို့ သိရပါတယ်။ တောင်ကုတ်ဆေးရုံကိုတော့ နိုင်ငံတော်မှ ခွင့်ပြုငွေကျပ်သိန်းပေါင်း ၁၉၃၈ဝ ဖြင့် ၂ဝ၁၅ ခုနှစ်က စတင်ဆောက် လုပ်နေတာဖြစ်ပြီး ဆောက်လုပ်ပြီးပါက အဆိုပါဆေးရုံတွင်တောင်ကုတ်မြို့နယ်နှင့်နီးစပ်ရာ မြို့နယ်များမှ ပြည် သူများကို ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်မှာပဲ ဖြစ်ပါတယ်။မတ် ၁၃ ရက်နေ့ မနက်ပိုင်းမှာတော့ ရခိုင်ပြည် နယ် လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာနှင့် ပြည်နယ်လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံတို့ ကဆေးရုံဆောက်လုပ်နေမှုတွေကို လာရောက်ကြည့်ရှု့စစ်ဆေးခဲ့တယ်လို့ သတင်းရရှိပါ တယ်။

ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိလူကြီးမင်းတို့မှ ခုတင် ၁ဝဝ ဆံ့ဆေးရုံတွင် ဆောက်လုပ်ပြီးတဲ့ တိုးချဲ့နှစ်ထပ် လူနာဆောင်အတွင်းမှ ခွဲစိတ်ခန်းနှင့် ခွဲစိတ်စက်ကိရိယာများ တပ်ဆင်ထားမှု၊ ခွဲစိတ်ခန်းနှင့် ဆက်စပ်လုပ်ငန်း သုံး စက်ကိရိယာများတတ်ဆင် ထားမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။ ထို့နောက် တိုးချဲ့နှစ်ထပ်လူနာဆောင် ဆောက်လုပ်နေမှုကို ကြည့်ရှုကြပြီး လူနာဆောင်အား သတ်မှတ်ချိန်အတွင်း ပြီးစီး ရေး၊ စံချိန်စံညွှန်းကိုက်ညီရေး၊ ပြည်သူများ၏ ကျန်းမာရေးကို ကုသစောင့်ရှောက်ပေးမည့် နေရာဖြစ်သဖြင့် စေတနာထားပြီး ဆောက်လုပ်ပေးကြရန် မှာကြားခဲ့တယ်လို့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။  

အဲ့ဒီညနေပိုင်းမှာတော့ မြောက်ဦးမြို့နယ် ရန်ကုန်- စစ်တွေကားလမ်းပေါ်ရှိ တိမ်ညိုတံတား ပေ၃၆ဝ အား တံတားအထူးအဖွဲ့ (၇)က ဆောက်လုပ်နေမှုကို ဆက်လက်ပြီး ကြည့်ရှုစစ်ဆေးခဲ့ကြတယ်လို့ သိရပါတယ်။ ပြည်နယ်ဝန်ကြီးများက သတ်မှတ်ချိန် အတွင်းပြီးစီးရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး၊ စံချိန်စံညွှန်း ကိုက်ညီရေး တို့ကို မှာကြားခဲ့ကြောင်း တံတားဆောက်လုပ်ရေး တာဝန်ခံကပြောပါတယ်။ 

သတင်းအရင်းအမြစ် - The Mirror Daily

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။