ပါးချိုင့်မင်းသမီးချောလေး မမြတ်လေးလို့ ပရိသတ်တွေ ချစ်စနိုးခေါ်ကြတဲ့ မင်းသမီးချော အေးမြတ်သူကတော့ အားလုံးကို (၁၉၀၀)ပြည့်နှစ်တွေဆီ အလည်သွားရင် ခေါ်သွားချင်တယ်လို့ ဆိုပါတယ်..။

ချစ်စဖွယ် ပုံရိပ်လေးတွေနဲ့ အမြဲဖမ်းစားတတ်တဲ့ ပါးချိုင့်မင်းသမီးချောလေးကတော့ အခုတစ်ခါမှာလည်း အပြောချိုချိုလေးနဲ့ ပရိသတ်တွေကို အချစ်ပိုစေပြန်ပါပြီ..။ 

“တခါတရံ ၁၉၀၀ပြည့်နှစ်တွေဆီမှာ ရှိနေချင်မိတယ် ချစ်သူ... အားလုံး ကို ၁၉၀၀ပြည့်နှစ်တွေဆီ အလည်သွားရင်

ခေါ်သွားချင်တယ်....ရှင့်..” ဆိုပြီးသူမရဲ့ မဟာဆန်ဆန်ပုံရိပ်လေးတွေနဲ့ကို မျှဝေရင်း သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ ချစ်စဖွယ် ရေးသားလိုက်တာ ဖြစ်ပါတယ်..။

မင်းသမီး အေးမြတ်သူကတော့ ခေတ်ဟောင်းအချိန်တွေကို ပြန်လည်ထင်ဟပ်စေမယ့်“ကမ္မဖလ” ဇာတ်ကားမှာ မစောလှအဖြစ် ပါဝင်သရုပ်ဆောင်ရိုက်ကူးနေတာ ဖြစ်ပါတယ်..။  

ခေတ်ဟောင်း မင်းသမီးဝတ်စုံလေးနဲ့ မဟာဆန်ဆန်လှနေတဲ့ သူမရဲ့ ရိုက်ကွင်းပုံရိပ်လေးတွေကိုလည်း ပြန်လည်မျှဝေထားပါသေးတယ်..။

အနုပညာလောကမှာ နေရာတစ်ခုကို အခိုင်အမာရပ်တည်နေတဲ့ မင်းသမီးအေးမြတ်သူကတော့ လတ်တလောမှာလည်း အနုပညာလုပ်ငန်းတွေကို ဆက်တိုက်လုပ်ဆောင်နေသလို ဇာတ်ကားတွေလည်း ဆက်တိုက်ရိုက်ကူးနေတာ တွေ့ရပါတယ်..။  

Photo - အေးမြတ်သူ fb  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။