နာမည်ကျော်မင်းသမီးတစ်ယောက်ဖြစ်တဲ့ သဉ္ဇာနွယ်ဝင်းတစ်ယောက် သူမရဲ့ခင်ပွန်းဖြစ်သူ နဲ့အတူ LOTTE Hotel မှာ နေ့လည်စာ အတူစားနေတာပဲ ဖြစ်ပါတယ်။ လိုက်ဖက်လွန်းတဲ့ သူမတို့နှစ်ယောက်ရဲ့ ပုံရိပ်လေးတွေက တကယ်ကိုကြည်နူးစရာကောင်းလွန်းပါတယ် ပရိတ် သတ်ကြီးရေ။ နှစ်ယောက်အတူတူ နေ့လည်စာစားသောက်ပြီးမှာတော့ အဆိုတော် သရုပ် ဆောင်များဖြစ်ကြတဲ့ ဝေလျံ၊ ကေညီ၊ နီနီခင်ဇော်တို့နဲ့ တွေ့ဆုံခဲ့ပါသေးတယ်။ အိမ်ထောင်ပြု ပြီးနောက်ပိုင်း မိသားစုကိုပဲအချိန်ပေးဖြစ်တာကြောင့် နောက်ပိုင်းမှာ အနုပညာလုပ်ငန်းတွေ လုပ်ဖြစ်တော့မှာ မဟုတ်ဘူးလို့သူမကဆိုပါတယ်။ နောက်ထပ်သူမရဲ့ဇာတ်ကားတွေ ရုံတင်ဖို့ ရှိသေးတယ်လို့ဆိုပါတယ်။ ဒီဇာတ်ကားလေးတွေ အတွက်တော့ ရင်ခုန်နေတယ်လို့ ဆိုပါ တယ်။

ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကိုတည်ဆောက်ထားပြီး ချစ်စဖွယ်သားလေး ဟာလည်း လေးလအရွယ်ရောက်ခဲ့ပြီပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လပိုင်းလောက်က ရန်ကင်း ကလေးဆေးရုံကြီးမှာ ရောဂါတက်ရောက်ကုသနေတဲ့ ချို့တဲ့တဲ့ ကလေးတွေကို ငွေကြေး ထောက်ပံ့မှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။ တကယ့်ကိုလိုအပ်တဲ့နေရာလေးမှာ လှူဒါန်းခဲ့ တာမို့ သူမရဲ့ဒါနကို မြင်သူကြားသူတိုင်းက ကြည်နူးဝမ်းသာခဲ့ကြပါတယ်။ နာမည်ကြီးတဲ့ မင်းသမီးဘဝကိုစွန့်လွှတ်ပြီး မိသားစုကိုအချိန်အပြည့်အဝေပေးထားတဲ့ သူမရဲ့ဆုံးဖြတ်ချက် က တကယ်ကိုလေးစားချင်စရာ ကောင်းပါတယ်။

ဒီတစ်ခါမှာတော့ မက်မုံသီးလေးမပါပဲ ချစ်ဇနီးနဲ့ခင်ပွန်းနှစ်ယောက်သား အတူတူ အပြင် ထွက်ပြီး နေ့လည်စာစားကြတာပဲဖြစ်ပါတယ်။ ကလေးအမေဖြစ်သည့်တိုင်အောင် သူမရဲ့ အလှတွေက လုံးဝလျော့ပါးမသွားပဲ လှမြဲလှဆဲပါပဲ။ အဖြူရောင်ဒူးဖုံးဂါဝန်လေးနဲ့ သူမရဲ့ ပုံရိပ်လေး တွေက ချစ်စရာကောင်းလွန်းပါတယ် ပရိတ်သတ်ကြီးရေ။ လိုက်ဖက်လွန်းတဲ့ သူမတို့ဇနီးမောင်နှံနှစ်ယောက်ရဲ့ ပုံရိပ်လေးတွေကို ပရိတ်သတ်ကြီးအတွက် တင်ဆက် ပေးလိုက်ပါတယ်။

Photo - Thinzar Nwewin's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။