လက်ရှိသွားလာရာခတ်ခဲနေသော နေရာများတွင် ရန်ကုန်-ဒလ ကူးသန်းမှုလည်း ပါဝင်ကြောင်း သိရပါတယ်။ လာမယ့်ဇွန်လက စတင်ပြီး ရန်ကုန်-ဒလ တံတားကြီးကို စတင်တည်ဆောက်ဖို့ ပြင်ဆင်နေပြီလို့ တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပြခဲ့ပါတယ်။ မတ်လ ၁၅ ရက်က ဒလမြို့နယ်အတွင်း သောက်သုံးရေများ ဖြန့်ဝေပေးနိုင်ရေး ရေသန့်စက်ရုံ ဖွင့်ပွဲအခမ်းအနားမှာ ပြောခဲ့တာပဲ ဖြစ်ပါတယ်။ 

“လမ်းပန်းဆက်သွယ်ရေးများကောင်းမွန်ရန် လာမည့်ဇွန်လက စတင်ကာ ဒလတံတားကြီးကို စတင်တည်ဆောက်ရန် ပြင်ဆင်နေပြီ ဖြစ်တယ်။ ဒလမြို့ဟာ ရန်ကုန်မြို့နဲ့ နီးကပ်နေသော်လည်း ခေတ်အဆက်ဆက်၊ အစိုးရအဆက်ဆက် ဖွံ့ဖြိုးမှုနောက်ကျခဲ့တဲ့ အခြေအနေများကို ပြုပြင်ပြောင်းလဲနိုင်ရန် ကြိုးစားနေတယ်” မြန်မာ-တောင်ကိုရီးယား ချစ်ကြည်ရေး အထိမ်းအမှတ် ဒလတံတား တည်ဆောက်ရေး စီမံကိန်းကို ဧပြီလမှာ စတင်မယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက ရည်မှန်းထားတာလည်း ဖြစ်ပါတယ်။ 

ဒလတံတား စီမံကိန်း တည်ဆောက်ရေးအတွက် မြေယာ လျော်ကြေးငွေတွေကို ၂ဝ၁၆ ခုနှစ် နှစ်ဆန်းပိုင်းမှာ စတင်ပေးအပ်ခဲ့ပြီး တံတားနေရာနဲ့ မလွတ်ကင်းတဲ့ နေအိမ်နဲ့ ဈေးဆိုင်ခန်းများကို နစ်နာကြေးငွေ စုစုပေါင်း ငွေကျပ် ၁၄၆၈ ဒသမ ၂၈၈ သန်း ပေးအပ်ခဲ့ပါတယ်။ တံတားကို တောင်ကိုရီးယားနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးရေးရန်ပုံငွေ (EDCFI Loan) ချေးငွေ အမေရိကန် ဒေါ်လာ ၁၃၇ ဒသမ ၈၃၃ သန်း၊ ပြည်တွင်း ရန်ပုံငွေ ၃ဝ ဒသမ ၃၄၁ သန်း အကုန်အကျခံ တည်ဆောက်မှာ ဖြစ်ကြောင်း သိရပါတယ်။

Source - DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။