မတ်လ(၁၃)ရက် ညနေပိုင်းအချိန်၊ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်အတွင်း ယာဉ် အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ပညာပေးလုပ်ငန်းများ ဆောင်ရွှက်လျက်ရှိတယ်လို့ သိရပါတယ်။ အဆိုပါ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးပညာပေးလုပ်ငန်းစဉ်များအနေနဲ့ မြေစိုက်ပိုစတာများ စိုက်ထူပြီး ပညာပေးလုပ်ငန်းများ ဆောင်ရွှက်ခဲ့တာ ဖြစ်တယ်လို့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ထို့ပြင် ဆိုင်ကယ်စီးလျှင် ဦးထုပ် ဆောင်းပါ ပါစတေကာများကိုလည်း မော်တော်ဆိုင်ကယ်များတွင် လိုက်လံကပ်ပေးခဲ့ တယ်လို့ သိရပါတယ်။

အဆိုပါ ပညာပေးမြေစိုက်ပိုစတာများ စိုက်ထူခြင်းအခမ်းအနားကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းမြတ်နိုင်၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဆန်းကျော်၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့ပေါ်ရှိ လူမှုရေးအဖွဲ့ အစည်းများ တက်ရောက်ခဲ့ကြပြီး ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက အမွှေးနံ့သာရည်များ ပက်ဖြန်း ပေးခဲ့ကြတာပဲ ဖြစ်ပါတယ်။အမှတ်(၈၃)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး(လပွတ္တာ)မှ ရဲအုပ်ထွန်းဦးခိုင်နှင့် အဖွဲ့ဝင်များ ကလည်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် ပြည်သူလူထုသို့ အသိပညာရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။ 

ဆက်လက်ပြီး လပွတ္တာမြို့နယ်နှင့် လပွတ္တာမြို့သစ်တို့တွင် ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် အသက် အန္တရာယ် ကင်းစေဖို့ ထိုင်ခုံခါးပတ် ပတ်ကြစို့၊ အန္တရာယ်ကင်းစေဖို့ ယာဉ်မောင်းနေစဉ် ဖုန်းသုံးစွဲမှုရှောင်ရှားစို့၊ နောက်ယာဉ်ကျော်တက်စေလိုက လက်ယာမီးဖြင့်အချက်ပြ၊ အန္တရာယ်ကင်းစေဖို့ ဆိုင်ကယ်စီးဦး ထုပ်ဆောင်း ကြစို့၊စတဲ့မြေစိုက်ပိုစတာများ စိုက်ထူပေးခဲ့ကြတာပဲ ဖြစ်ပါတယ်။နောက်ထပ်လည်း စည်းကမ်းလိုက်နာ ဘေး ကင်းကွာ၊ လိုင်စင်ရှိမှ ယာဉ်မောင်းပါ၊ မူးလျှင်မမောင်းနှင့် မောင်းလျှင်မမူးနှင့်၊ လူ့အသက်တွေကယ်ကြဖို့ အရှိန်လျှော့ပြီးမောင်းကြစို့ စတဲ့မြေစိုက်ပိုစတာများ စိုက်ထူပေးခဲ့ကြပြီး စုစုပေါင်း ပိုစတာ(၅)ခုကို စိုက်ထူပေးခဲ့တယ် လို့သိရပါတယ်။ 

သတင်းအရင်းအမြစ် - မြန်မာ့အလင်း 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။