မြန်မာနိုင်ငံကတော့ မကြာမီပူပြင်ခြောက်သွေ့တဲ့ နွေရာသီကို ရောက်ရှိတော့မှာပဲဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ် ကြက်တကောင်းကျေးရွာနှင့် မအူကုန်းကျေးရွာတို့သည် နွေရာသီတွင် သောက်သုံးရေရှားပါးမှုများဖြစ်ပေါ်တက်ပါတယ်။ ယခုအခါတွင် အဆိုပါကျေးရွာများသို့ စက်ရေတွင်း၊ ရေစင်နှင့် ရေစက်ရုံတို့ တည်ဆောက်ကာ အိမ်တိုင်ရာရောက် ရေပေးဝေနိုင်ရေး ဆောင်ရွက်ပေး နေကြောင်း ကသာခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတိုးကြည်က ပြောကြားခဲ့ပါတယ်။
အဆိုပါကျေးရွာများ၌ လက်တူးတွင်းသုံးတွင်းသာရှိပြီး နွေရာသီတွင် ခန်းခြောက်လေ့ရှိကြောင်း သိရပါတယ်။ ၎င်းအပြင် လက်နှိပ်တုံကင်များမှ ထွက်ရှိသော ရေမှာ ချက်ချင်းအသုံးပြု၍ မရဘဲ သဲရေစစ်ကန်တွင် ရေစစ်ပြီး အသုံးပြုရ သောကြောင့် သောက်သုံးရေအတွက် အခက်အခဲဖြစ်ပေါ်နေသည့် ကျေးရွာတွေဖြစ်ကြောင်းသိရပါတယ်။ ယခုကဲ့သို့ စက်ရေတွင်း၊ ရေစင်နှင့် ရေစက်ရုံတည်ဆောက်ကာ အိမ်တိုင်ရာရောက် ရေပေးဝေနိုင်ရေး ဆောင်ရွက်ပေးသောကြောင့် နွေရာသီအတွက်ပါ သောက်သုံးရေဖူလုံစွာ ရရှိနိုင်တော့မည်ဖြစ်ကြောင်း ခရိုင်ဦးစီးမှူးဦးတိုးကြည်က ဆက်လက်ပြောပြခဲ့ပါသေးတယ်။
စက်ရေတွင်း၊ ရေစင်နှင့် ရေစက်ရုံတည်ဆောက်ကာ အိမ်တိုင်ရာရောက် ရေပေးဝေနိုင်ရေးကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေကျပ် (၃၇)သန်းဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရပါတယ်။ ယင်းစက်ရေတွင်း၊ ရေစင်နှင့် ရေစက်ရုံတည်ဆောက်မှုများကို ယခု မတ်လကုန်တွင် အပြီးဆောင်ရွက်ပေး မည်ဖြစ်ကြောင်း သိရပါတယ်။
Source - Myanmaalinn
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။