ပြတ်လိုက်ဆက်လိုက်ဖြစ်နေတဲ့ သူတို့စုံတွဲကတော့ ပြီးခဲ့တဲ့ (၂၀၁၇)ခုနှစ်ကထဲက ချစ်ကြိုးတွေပြန်သွယ်ခဲ့တာမို့ ပရိသတ်တွေ ပြန်လည်ဝမ်းသာခဲ့ရတာပါ။

ပြီးခဲ့တဲ့တစ်ပတ်အတွင်း လမ်းခွဲပြတ်စဲသွားပြီလို့ သတင်းထွက်နေတဲ့ အဆိုတော် ဂျက်စတင်ဘီဘာနဲ့ ဆလီနာ ဂိုးမက်ဇ် တို့ စုံတွဲလေးကတော့ တစ်ဦးနဲ့တစ်ဦး အဆက်သွယ်ရှိနေသေးတဲ့ပုံပါပဲ။

အကယ်လို့ သူတို့ အမှန်တကယ်ပြန်တွဲနေတယ်ဆိုရင်တော့ ပရိသတ်တွေ ဝမ်းသာရဦးမှာပါ။

လက်တလောမှာတော့ မတ်လ(၁၄)ရက်နေ့က ဘီဘာနဲ့ ဆလီနာတို့စုံတွဲဟာ တစ်ချိန်တည်းမှာ ဘုရားကျောင်းအတူတက်ခဲ့ပေမယ့် အတူတူလာခဲ့ကြတာမဟုတ်သလို အပြန်မှာလည်း တစ်ယောက်တစ်လမ်းစီ ပြန်ခဲ့ကြတာပါ။

ပါပါရာဇီတွေအမိအရရိုက်ယူခဲ့တဲ့ သူတို့နှစ်ဦးရဲ့ ဓာတ်ပုံတွေကအားလုံးကို ဒွိဟဖြစ်စေမှာမို့ တကယ်ပြန်တွဲနေလားဆိုတာကိုတော့ ကာယကံရှင်တွေထုတ်ပြောမှပဲ အတိအကျသိရမှာပါ။

နှစ်တွေအတော်ကြာတွဲခဲ့တဲ့ ဘီဘာ နဲ့ ဆလီနာ ဟာ လိုက်ဖက်ညီပြီး ချစ်စရာကောင်းတဲ့ စုံတွဲလေးမို့ နိုင်ငံတကာမှာ သူတို့ကိုစောင့်ကြည့်အားပေးနေတဲ့ ပရိသတ်များစွာရှိနေခဲ့တာပါ။

ပြတ်စဲသွားပေမယ့် သူငယ်ချင်းတွေအဖြစ် ဆက်ရှိနေသေးတဲ့ သူတို့စုံတွဲအဖြစ်ကိုတော့ အားလုံးက စိတ်ဝင်စားနေကြပါတယ်။  

Source : Justjared 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။