သူမရဲ့အလှတွေကို တင်စားဖို့ စကားလုံးလှလှတွေတောင် ရှာမတွေ့တော့ပါဘူး ပရိသတ်ကြီးရေ ။

ဖက်ရှင်ကျလှတဲ့ အနက်ရောင်ဝတ်စုံလေးကို ဝတ်ကာ သူမတူတဲ့အလှတွေနဲ့အတူ Lolane ရဲ့ပွဲကို တက်ရောက်ခဲ့ပါတယ်။

Novotel မှာပြုလုပ်တဲ့ Lolane ရဲ့ Blue Magic ပွဲကို တက်ရောက်ခဲ့တာဖြစ်ပြီး ထင်ပေါ်တဲ့သူမအလှတွေက ပွဲတစ်ခုလုံးရဲ့ အာရုံတွေကို ဖမ်းစားနိုင်သူပါ။

ယခုရက်ပိုင်းမှာတော့ သူမက ရက်ဆက်ဆိုသလို ရိုက်ကူးရေးတွေနဲ့ အလုပ်များနေခဲ့တာပါ။ ကြော်ငြာတွေနဲ့အတူ နယ်ရှိုးပွဲတွေမှာ အမြဲမြင်တွေ့နေရသူမို့ အောင်မြင်သထက် အောင်မြင်လာတဲ့ မင်းသမီးချောလေးလို့ ဆိုရမှာပါ။

သူမရဲ့အနုပညာသက်တမ်းက ရှည်ကြာခဲ့ပေမယ့်လည်း သူမရဲ့နုပျိုမှုတွေ လှပမှုတွေကတော့ ဆယ်ကျော်သက်ကောင်မလေးအလား ထင်မှတ်မှားရလောက်အောင် လှသွေးကြွယ်နေဆဲပါ။

ဒါကြောင့်လတ်တလောပုံကလေးတွေမှ မြင်ချင်ကျတဲ့ Myanmar Load သူမပရိသတ်တွေအတွက် ညနတ်သမီးလေးရဲ့ ပုံကလေးတွေကို စုစည်းပေးလိုက်ပါတယ်နော် ။

Source - Nan Su Yati Soe FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။