ပရိတ်သတ်တွေချစ်ခင်နှစ်သက်အားပေးကြတဲ့ မင်းသမီးချောလေး ဝတ်မှုန်ရွှေရည်ကတော့ လူမှုကွန်ယက်စာမျက်နှာမှာ သူမရဲ့ပုံအသစ်စက်စက်လေးတွေကိုတင်ပေးခဲ့ပါတယ်။ထိုပုံလေးတွေကတော့ မင်္ဂလာပွဲတစ်ခုမှာ တစ်ထောင့်တစ်နေရာကနေ ပါဝင်အားဖြည့်ကူညီပေးထားတဲ့သူမရဲ့ပုံရိပ်လေးတွေပဲဖြစ်ပါတယ်။

ကစ်ကစ်ကတော့ မင်္ဂလာဆောင်တစ်ခုမှာပန်းကြဲပေးနေတဲ့သူမရဲ့ပုံရိပ်လေးတွေကို "မင်္ဂလာမဆောင်ခင်တဝကြီးပန်းကျဲမယ်နော်" ဆိုတဲ့ caption လေးနဲ့အတူစနောက်ပြီးတင်ခဲ့တာကြောင့် comment မှာတော့ ကစ်ကစ်ရဲ့ပရိတ်သတ်တွေက မယူရသေးဘူးနော် ။ အပျိုကြီးပဲလုပ်ရမယ်ဆိုပြီး comment ပေးထားတာကိုလဲတွေ့ရှိခဲ့ရပါတယ်။ ပရိတ်သတ်တွေအနေနဲ့ဆိုရင်ရော ကစ်ကစ်ကို အပျိုကြီးပဲလုပ်စေချင်ကြတာလား။

မကြာမီရက်ပိုင်းလေးအတွင်းမှာတော့ အကယ်ဒမီပေးပွဲကြီးက ကျင်းပပြုလုပ်တော့မှာဖြစ်လို့ အခုချိန်လောက်ဆို ကစ်ကစ်လဲရင်ခုန်နေမယ်လို့ထင်ပါတယ်။ ဒီနှစ်မှာရော ကစ်ကစ်ကို အကယ်ဒမီမရစေချင်ဘူးလား ပရိတ်သတ်ကြီးရေ။

Source: Wutt hmone shwe Yi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။