ဂျာမနီနိုင်ငံ၏ အချက်အချာဖြစ်သည့် ဘာလင်မြို့ရှိ ခရစ္စမတ်စျေး၌ အမျိုး သားတစ်ဦးက ကုန်ကားတစ်စီးကို မောင်းနှင်လာပြီး အတင်းဝင်တိုက်ခဲ့မှု ကြောင့် လူ ၁၂ ဦးသေဆုံးကာ ၄၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ဂျာမနီရဲများသည် အဆိုပါတိုက်ခိုက်မှုကို ဖြစ်နိုင်ဖွယ်ရှိသော အကြမ်းဖက်မှုတစ်ခု အနေဖြင့် စုံစမ်းစစ်ဆေးမှုများ လုပ် ဆောင်ခဲ့ကြသည်။

သံထည်ပစ္စည်းများ တင်ဆောင် ထားသည့် ထရပ်ကားသည် မြို့တော်၏ အစည်ကားဆုံးအချိန်ဖြစ်သည့် ဒေသ စံတော်ချိန် ည ၈ နာရီတွင် စျေးအတွင်း မောင်းနှင်ဝင်ရောက်လာပြီး လူများကို အတင်းဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထရပ်ကားမောင်းသူမှာ ပြီးခဲ့သည့် နှစ်က ဂျာမနီနိုင်ငံအတွင်းသို့ ရွှေ့ပြောင်း ခိုလှုံသူအဖြစ် ဝင်ရောက်လာခဲ့သူဖြစ် ပြီး သေးငယ်သော ရာဇဝတ်မှု ကျူးလွန် သူအဖြစ် ရဲအဖွဲ့က သိရှိခဲ့သော်လည်း အကြမ်းဖက်မှုများနှင့် ပတ်သက်ဆက် နွှယ်သည်ဟူသော အထောက်အထား များ တွေ့ရှိခဲ့ရခြင်း မရှိဟု ဆိုထား သည်။

ရဲများသည် ထရပ်ကားဖြင့် ဝင်တိုက် ခဲ့သူ နေထိုင်သည်ဟု ယူဆရသော အသုံး ပြုခြင်းမရှိတော့သည့် ဘာလင်လေဆိပ်ရှိ ဒုက္ခသည်တဲစခန်းများရှိရာ နေရာသို့ သွားရောက်ကာ ရှာဖွေမှုများ လုပ်ဆောင် ခဲ့ကြောင်း ဂျာမနီသတင်းမီဒီယာက ဖော် ပြသည်။ ဂျာမနီဝန်ကြီးချုပ် အန်ဂျလာ မာကယ်က အဆိုပါလုပ်ရပ်ကို အကြမ်း ဖက်လုပ်ရပ်တစ်ခုဟု ယူဆကြောင်း၊ တိုက်ခိုက်မှုကို နောက်ကွယ်မှ ကြိုးကိုင် သူကို ဥပဒေအရ အမြန်ဆုံးအပြစ်ပေး နိုင်ရေးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း အဂ¯နေ့က ပြောကြားခဲ့သည်။

(ရိုက်တာ)

Ref., MOI

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။