ရွှေမှုံရတီ နဲ့ ငွေမှုံရတီ တို့ ညီမနှစ်ယောက်ကတော့ အနုပညာလောကမှာ အသက်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်မှုရနေတဲ့ ဆယ်ကျော်သက်မင်းသမီးလေးတွေဖြစ်ပါတယ်။

အနုပညာဝါသနာတူတဲ့ ညီအစ်မတွေဖြစ်သလို အပြင်လက်တွေ့ဘဝမှာလည်း တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်ကြတဲ့ သွေးသားရင်းချာတွေဖြစ်တာမို့ သူတို့ရဲ့ နေထိုင်မှုပုံစံလေးက ကြည်နူးစရာကောင်းပါတယ်။

ဒီနေ့ မှာကျရောက်တဲ့ မွေးနေ့ရှင် ငွေမှုံရတီကို အစ်မဖြစ်တဲ့ ရွှေမှုံရတီ ပေးတဲ့ တန်ဖိုးကြီးမွေးနေ့လက်ဆောင်တစ်ခုက ပရိသတ်တွေကိုပါ အ့ံ့အားသင့်သွားစေပါတယ်။

အဲ့ဒီလက်ဆောင်ကတော့ စိန်လက်စွပ်ဖြစ်ပြီး အစ်မဖြစ်သူ ရွှေမှုံက သူမကို ညနက်သန်းခေါင် Surprise လုပ်ပြီး ပေးတာဖြစ်တဲ့အကြောင်းကို ကြည်နူးပိတီဖြစ်စွာနဲ့ ငွေမှုံက သူမရဲ့ ဖေ့ဘုတ်စ်အကောင့်မှာ မျှဝေထားတာပါ။

မြင်ရသူပရိသတ်အပေါင်းလည်း အပျော်တွေကူးစက်ရသလို ညီမဖြစ်သူကို ရွှေမှုံတစ်ယောက် ဘယ်လောက်တောင်တန်ဖိုးထားချစ်လဲဆိုတာ သိသာလွန်းပါတယ်။

အသက်အရွယ်နဲ့မလိုက်အောင် အနုပညာအရည်သွေးရှိပြီး ဖက်ရှင်ကျကျ ဝတ်စားနေထိုင်တတ်တဲ့ သူတို့ညီအစ်မတွေကို ချစ်ခင်အားပေးတဲ့ပရိသတ်အခိုင်အမာရရှိထားတာဖြစ်ပါတယ်။

ရွှေမှုံဟာ အနုပညာပျိုးခင်းရဲ့ အသက်ငယ်ဆုံး စင်တင်မင်းသမီးတစ်လက်အဖြစ် လက်ရှိအချိန်မှာ ဝင်ငွေအကောင်းဆုံး ထိပ်တန်းမင်းသမီးစာရင်းဝင်နေတဲ့ အနုပညာရှင်တစ်ယောက်ဆိုလည်း ဟုတ်ပါတယ်။

အစ်မဖြစ်သူခြေရာနင်းတဲ့ ငွေမှုံကလည်း ဇာတ်ကားတွေရိုက်ကူးနေရပြီး ကြိုးစားနေသူဖြစ်ပါတယ်။

ကဲ ပရိသတ်ကြီးလည်း သူတို့ညီအစ်မကို ချစ်ရဲ့လား ။

Source- Ngwe Hmone yati fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။