ကျော်ကြားခြင်းနဲ့ စည်းစိမ်ဥစ္စာတွေဆိုတာ တကယ်မမြဲတဲ့အရာတွေပါ။

ရှမ်းပုပ်ပဲလေး ကျွန်တော် ဆိုတဲ့ သီချင်းလေးကြားလိုက်တာနဲ့ ရှမ်းအဆိုတော်ကြီး စိုင်းစိုင်းမောဝ် ကို ပရိသတ်တွေ ပြေးမြင်မိမှာပါ။

လွန်ဆန်လို့မရတဲ့အထဲမှာ ဇရာ ဆိုတာလည်း ပါဝင်ပြီး လက်တလောကြားရတဲ့ စိုင်းစိုင်းမောဝ် ရဲ့ သတင်းကတော့ ပရိသတ်တွေကို စိတ်မကောင်းဖြစ်စေမှာအမှန်ပါပဲ။

ရှမ်းလူမျိုးစစ်တစ်ယောက်ဖြစ်တဲ့ အဆိုတော်ကြီး စိုင်းစိုင်းမောဝ်ဟာ လက်တလောမှာတော့ အရွယ်ကျသွားပြီဖြစ်သလို ကျောက်ကပ်နဲ့ လေဖြန်းရောဂါကိုလည်း ခံစားနေရတယ်လို့ဆိုပါတယ်

အခုလို တစ်ချိန်က လူကြီးတွေနဲ့ လူလတ်ပိုင်းပရိသတ်တွေကြားမှာ အရမ်းကို ရေပန်းစားခဲ့တဲ့ သီချင်းပိုင်ရှင် စိုင်းစိုင်းမောဝ် ကို လှုဒါန်းထောက်ပံ့ကြတဲ့ အလှုရှင်တွေလည်း ရှိပါတယ်

ရှမ်းတိုင်းရင်းသားတွေရဲ့ အချစ်တော်ဖြစ်သလို တစ်နိုင်ငံလုံးက ပရိသတ်တိုင်း ရဲ့ ချစ်ခင်အားပေးမှုအခိုင်မာကို ရရှိခဲ့တာဖြစ်ပါတယ်။

ခေတ်ရေစီးကြောင်းအရ ဂီတလောကထဲကို ထိုးဖောက်ဖို့မလွယ်ကူတော့တာကြောင့် အဆိုတော်ကြီး စိုင်းစိုင်းမောဝ် တစ်ယောက် လက်တလောမှာ ရန်ကုန်မှာနေထိုင်လျက်ရှိပြီး အနယ်နယ်ရပ်က ပရိသတ်တွေဖိတ်ခေါ်မှုကြောင့် သီချင်းတွေကိုတော့ ဖျော်ဖြေပေးနေဆဲပဲဖြစ်ပါတယ်။

ပရိသတ်အချို့ရဲ့ တစ်ဆင့်ပြောကြားမှုတွေအရတော့ စိုင်းစိုင်းမောဝ်ဟာ အသက်ရလာပြီမို့ ကျန်းမာရေးအားဖြင့်လည်း အရင်ကထက်ပိုညံ့လာတယ်လို့ သိရပါတယ်။

ပရိသတ်ကြီးရေ ဦးစိုင်းစိုင်းမောဝ်ကို အားပေးဦးမှာလား

Source - Nankyithein fb, Kyawthiha 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။