“မင်္ဂလာခန်းမကြီးထဲ၊ဒီမင်္ဂလာခန်းမကြီးထဲ၊ တို့နှစ်ဦးလက်တွေတွဲခိုင်မြဲသော အချစ်ကိုသက်သေထူမယ် အဖြူ ရောင်သတို့သမီးလေး တကယ်ပါနင်လှနေလို့ မိုးထက်နတ်သတ်ကြွေသူ ရင်ခုန်သံဘယ်လိုထိန်းရမှာလဲ” ဆိုတဲ့ သီချင်းလေးနဲ ဒီသီချင်းလေးထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ သရုပ်ဆောင်မေဖြူဖြူကို ပရိသတ်တွေမှတ်မကြ အုန်းမယ် ထင်ပါတယ်။ချစ်စရာကောင်းတဲ့ အပြုံးလေးတွေနဲ့ ပရိသတ်တွေ သတိထားမိခဲ့တဲ့ သူမကတော့ နောက်ပိုင်းမှာ အနုပညာလုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်တာမတွေ့ရတော့ပဲ ပရိသတ်တွေနဲ့ ဝေးကွာနေခဲ့ တာပဲ ဖြစ်ပါတယ်။

အနုပညာလောကနဲ့ ဝေးကွာပြီး ပရိသတ်တွေနဲ့ အဆက်သွယ်ပြတ်နေခဲ့တဲ့ သူမကတော့ လက်ရှိမှာပရိသတ် တွေရဲ့အရှေ့ကို မင်္ဂလာသတင်းလေးနဲ့ အတူပြန်ပေါ်လာခဲ့ပြီပဲ ဖြစ်ပါတယ်။ပရိသတ်တွေနဲ့ ဝေးကွာနေခဲ့ပြီးမှ အခုလို စွံသွားပြီဆိုတဲ့ မင်္ဂလာသတင်းလေးနဲ့အတူ ပြန်ပေါ်လာတဲ့သူမကိုတော့ ပရိသတ်တွေအံ့သြနေကြသလို အရမ်းလည်း ဂုဏ်ယူဝမ်းသာနေကြပါတယ်။ 

သရုပ်ဆောင်မေဖြူဖြူနဲ့ ခင်ပွန်းဖြစ်သူ ဗိုလ်ကြီးရဲဝင်းထွန်းတို့ရဲ့ စုလျားရစ်ပတ် ထိမ်းမြှားမင်္ဂလာ ပွဲလေးကို မတ်လ(၁၈)ရက်နေ့ ဒီနေ့မနက်ပိုင်းမှာ ရန်ကုန်မြို့၊ ဇေယျာသီရိဗိမာန်မှာ ခမ်းခမ်းနားနား ပြုလုပ်ကျင်းပခဲ့တာပဲ ဖြစ်ပါတယ်။ မင်္ဂလာပွဲလေးမှာ အလှဆုံးနဲ့ အပျော်ရွှင်ဆုံးဖြစ်နေတဲ့ သတို့ သမီးလေးရဲ့ မျက်နှာပေါ်က ပီတီအပြုံး တွေကတော့ တကယ်ကိုကြည်နူးစရာပါပဲနော်။ဒီရက်ပိုင်း မှာေ တာ့ မင်္ဂလာသတင်းလေးတွေပဲ မကြာခဏ ဆိုသ လို ကြားနေရတာဖြစ်ပြီ အခုလည်း ပရိသတ်တွေထပ်မံ အားကျရအုန်းမယ့် သရုပ်ဆောင်မေဖြူဖြူရဲ့ ထိမ်းမြှား မင်္ဂလာပွဲလေး ပုံရိပ်လေးတွေ မျှဝေပေးလိုက်ပါတယ်နော်။

သတင်းအရင်းအမြစ် - Khine Khin Phyu 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။