Goal.com မှ ရွေးချယ်သည့် အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ လူငယ်အကောင်းဆုံးဆု အောင်သူ ဆွတ်ခူး

ကမ္ဘာကျော် ဘောလုံးအားကစား သတင်းဝက်ဘ်ဆိုက်ဖြစ်သည့် Goal.com သည် မြန်မာ့လက်ရွေးစင်အသင်းတိုက်စစ်မှူး အောင်သူကို ၂၀၁၆ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ၏ အကောင်းဆုံးလူငယ်ကစားသမား အဖြစ် ရွေးချယ်ခဲ့ကြောင်း သိရသည်။

Goal.com မှ အယ်ဒီတာများနှင့် ယင်း က်ဘ်ဆိုက်ကို ဝင်ရောက်ကြည့်ရှုသူ (၃၀၀၀၀) ကျော်သည် ၂၀၁၆ အာဆီယံဆူဇူကီးဖလား ပြိုင်ပွဲ၏ အကောင်းဆုံးလူငယ်ကစားသမားအဖြစ် အောင်သူကို မဲပေးရွေးချယ်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

အသက် (၂၀) ဝန်းကျင်သာရှိသေးသည့် မြန်မာ့လက်ရွေးစင်အသင်း နှင့် ရတနာပုံအသင်းတို့၏ လူငယ်တိုက်စစ် ကစားသမားဖြစ်သူ အောင်သူသည် ပြီးခဲ့သည့် အာဆီယံဆူဇူကီးဖလားပြိုင်ပွဲတွင် (၅)ပွဲကစားခဲ့ရာ၌ ဗီယက်နမ်၊ ကမ္ဘောဒီးယားတို့နှင့် ကစားခဲ့သည့်ပွဲများတွင် (၂)ဂိုးသွင်းယူပေးခဲ့သည်။

ထို့ပြင် အာဆီယံဆူဇူကီးဖလားပြိုင်ပွဲတွင် အောင်သူသည် ဂိုးကန်သွင်းမှု (၁၄) ကြိမ်၊ ဂိုးပေါက်တည့်မှု (၁၀) ကြိမ်နှင့် ဂိုးဖန်တီးမှု (၁၂) ကြိမ်ရှိခဲ့ကြောင်း သိရသည်။ အောင်သူ သည် ၂၀၁၅ ခုနှစ် အာဆီယံဘောလုံးအဖွဲ့ချုပ် (AFF) ၏ အကောင်းဆုံးလူငယ်ကစားသမားဆု (AFF Youth Player of the Year) ကို ရရှိထားခဲ့သူဖြစ်ကြောင်း သိရသည်။

Source: Eleven Media

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။