ယွန်းယွန်းကတော့ ကလေးသရုပ်ဆောင်တစ်ယောက်အဖြစ် အနုပညာလောကထဲမှာ ပရိသတ်အားပေးမှုအများဆုံးရရှိထားတဲ့ ဆယ်ကျော်သက် သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။

ချစ်စရာကောင်းပြီး အရွယ်နဲ့မလိုက်အောင် သရုပ်ဆောင်ပီပြင်လွန်းတဲ့ ယွန်းယွန်းဟာ ပညာရေးဘက်မှာလည်း ထူးချွန်ထက်မြတ်လှတဲ့ မိန်းကလေးတစ်ဦးဖြစ်ပါတယ်။

ဒီနေ့မှာတော့ ယွန်းယွန်းလေးနဲ့ မိသားစုတွေပီတိဖြစ်ရသလို ပရိသတ်တွေပါ အပျော်တွေကူးစက်ရတဲ့အကြောင်းရင်းကတော့ ယွန်းယွန်းတစ်ယောက် UK အသိအမှတ်ပြု Association of Business Excutives (Abe) Level -4 ဒီပလိုဘွဲ့ ကို ရရှိခဲ့လို့ဖြစ်ပါတယ်။

အဆိုပါ Certificate လက်မှတ်နဲ့ အတူ ဘွဲ့နှင်းသဘင်အခမ်းအနားမှာ တက်ရောက်ယူခဲ့တဲ့ ယွန်းယွန်းရဲ့ ပုံရိပ်တွေကတော့ ချစ်စရာကောင်းလွန်းလို့ ပရိသတ်တွေ အသဲကြွေနေရပြန်ပါတယ်။

ခရမ်းရောင်ဝတ်စုံလေးအပေါ် အဆိုပါဒီပလိုဘွဲ့ဝတ်စုံကို ထပ်ဝတ်ထားတဲ့ ယွန်းဟာ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး ဓာတ်ပုံရိုက်ခဲ့သလို မိဘနှစ်ပါးနဲ့လည်း အတူတူ အမှတ်တရ ဓာတ်ပုံလေးတွေရိုက်ထားပြီး ဖေ့ဘုတ်မှာ မျှဝေထားတာပါ။

အနုပညာဘက်မှာပါရမီပါရုံသာမက ပညာရေးဘက်မှာပါ မလစ်ဟင်းရအောင် အချိန်ပေးနိုင်တဲ့ ယွန်းဟာ ဒုတိယနှစ် စိတ်ပညာဘာသာရပ်ကို ရန်ကုန်တက္ကသိုလ်မှာ တက်ရောက်သင်ကြားနေသူလည်း ဖြစ်ပါတယ်။

ကဲ ပရိသတ်ကြီးရေ ယွန်းလေးအတွက် ဂုဏ်ပြူစကားချီးမြှင့်လိုက်ပါဦးနော်။

Source - Yoon Yoon fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။