နာမည်ကျော်သရုပ်ဆောင်များဖြစ်ကြတဲ့ နေဒွေးနဲ့နန်းဆုဦးတို့နှစ်ယောက် " ရင်ငွေ့နဲ့ပျိုးတဲ့ နှင်းဆီ " ဇာတ်ကားကို ရိုက်ကူးနေကြတာပဲဖြစ်ပါတယ်။ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပြီး နေဒွေးနဲ့ နန်းဆုဦး တို့နှစ်ယောက် ဘယ်လိုတွေအချိတ်အဆက်မိမိနဲ့ အကောင်းဆုံးသရုပ် ဆောင်မလဲဆိုတာ တော့ စိတ်ဝင်စားစရာပါပဲ ပရိတ်သတ်ကြီးရေ။ အောင်မြင်တဲ့ မင်းသား မင်းသမီးတွေဖြစ်ကြပြီး ပရိတ်သတ် အားပေးမှုကို အပြည့်အဝရရှိထားသူတွေလည်း ဖြစ်ကြ ပါတယ်။

မင်းသားနေဒွေးက ရိုက်ကွင်းပေါ်ကပုံရိပ်တွေကို Facebook မှာ " Today ရင်ငွေ့နဲ့ပျိုးတဲ့ နှင်းဆီ " ဆိုပြီး တင်ထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားကို စိတ်ကူးပုံဖော်သူကတော့ ဒါရိုက် တာဇော်မိုးထွေး ဖြစ်ပြီး အနုပညာပါဝင်အားဖြည့်သူတွေအနေနဲ့ကတော့ နေဒွေး၊ နန်းဆုဦး၊ မာယုသာ၊ တင်ဇာဝင့်ပြည့်၊ ဒေါ်စိမ်းလဲ့ညို၊ မိုးအိမ်ဂျယ်၊ ဟိန်းဇေ၊ အိတီနဲ့ အခြားအနုပညာ ရှင်ပေါင်းများစွာ ပါဝင်အားဖြည့်ထားကြတာဖြစ်ပါတယ်။

ဒီဇာတ်ကားလေးထွက်လာရင်လည်း နေဒွေးနဲ့ နန်းဆုတို့ရဲ့ ပရိတ်သတ်တွေက အားပေးဖို့ အသင့် ဖြစ်နေမှာ အသေအချာပါပဲ။ ေနေဒွေးနဲ့ နန်းဆုဦးတို့ရဲ့ " ရင်ငွေ့နဲ့ ပျိုးတဲ့နှင်းဆီ " ဇာတ်ကားရဲ့ ရိုက်ကွင်းပေါ်က အမိုက်စား ပုံရိပ်လေးတွေကို ပရိတ်သတ်ကြီးလည်း ထပ်တူ မြင်တွေ့နိုင်အောင် တင်ဆက်ပေးလိုက်ပါတယ်နော်။

Photo - Nay Dway's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။