ဆယ်ကျော်သက်အနုပညာရှင်များဖြစ်ကြတဲ့ အဆိုတော် အုပ်စိုးခန့်နဲ့ မင်းသမီးချောလေး ယွန်းယွန်းတို့ နှစ်ယောက်ကတော့ ကောလဟာလသတင်းတွေနဲ့အတူ လက်တလောလူမှုကွန်ယက်မှာ အရမ်းကိုဂယက် ထသွားခဲ့ပါတယ်။ အုပ်စိုးခန့်ရဲ့ သင်္ကြန် သီချင်းMTVလေးတစ်ခုက အစပြုခဲ့တဲ့ သူတို့နှစ်ယောက်ကတော့ အဲ့ဒီMTVလေးရိုက်ကူးစဉ်ကတည်းက ပရိသတ်တွေအရမ်းကို စိတ်ဝင်စားနေခဲ့ကြတာပဲ ဖြစ်ပါတယ်။ 

လက်ရှိမှာတော့ ပရိသတ်စိတ်ဝင်စားမှုများစွာနဲ့ စောင့်မျှော်နေတဲ့ သူတို့နှစ်ယောက်ရဲ့ သင်္ကြန်သီချင်းMTV ကတော့ထွက်ရှိလာပြီးပဲ ဖြစ်ပါတယ်။ နာရီပိုင်းအတွင်းမှာတင် ဝင်ရောက်ကြည့်ရှု့သူ သောင်းကျော်ရှိလာခဲ့တဲ့ Music MTV လေးတစ်ခုဖြစ်ပြီး ဆယ်ကျော်သက် အနုပညာရှင်တွေ ပီပီလူငယ်ဆန်ဆန်လေးနဲ့ ပျော်စရာ ကောင်းအောင်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။သင်္ကြန်ကလည်း နီးလာပြီးဆိုတော့ ချစ်ပရိသတ်တွေ အကြိုက်နဲ့ ထပ်တူကြမယ်လို့ ယုံကြည်ပါတယ်။ 

လွန်ခဲ့တဲ့ရက်ပိုင်းကတော့ လူမှုကွန်ယက်မှာပျံနှံ့နေတဲ့ သတင်းတွေကလည်း မဟုတ်ကြောင်း သူတို့က ဒီMTVလေး စရိုက်ကူးစဉ်ကမှ ခင်မင်ခဲ့ကြတဲ့ အနုပညာမောင်နှမတွေ ဖြစ်ကြောင်းပရိသတ်တွေကို အသိပေး ရှင်းလင်းခဲ့ကြတာပဲ ဖြစ်ပါတယ်။အခုတော့ ပရိသတ်တွေ စိတ်ဝင်တစားနဲ့ အားပေးဖို့စောင့်မျှော်နေကြတဲ့ သူတို့ နှစ်ယောက်ပါဝင်သရုပ်ဆောင်ထားတဲ့ သင်္ကြန်သီချင်းMTVလေးကိုလည်း ပရိသတ်တွေ ကြည့်ရှု့ခံစားနိုင်ဖို့ မျှဝေပေး လိုက်ပါတယ်နော်။

သတင်းအရင်းအမြစ် - အုပ်စိုးခန့်  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။