လူသေလျှင် ဘာကြောင့် သုံးရက်ထားတာလဲ……

ဒီဓလေ့ဟာ သီရိမာ ဆိုတဲ့အမျိုးသမီးက

စတင်တာပါ။ သီရိမာဆိုတာ ပြည့်တန်ဆာတစ်ဦး

သူမနဲ့ ပျော်ပါးချင်ရင် အဿ ပြာ ၁၀၀၀ ပေးရတယ်။

သူ့ကိုသဘောကျနှစ်သက်ကြတဲ့အထဲမှာ လူတင်မက

သံဃာတော်တွေပါ ပါဝင်ခဲ့တယ်။

ဥတ္တရာရဲ့ကျေးဇူးကြောင့် သူမဟာ ဘာသာကိုင်းရှိုင်းသူဖြစ်ခဲ့ပြီး

သံဃာ ၈ပါးကိုနေ့စဉ်ဆွမ်းလှူခဲ့တယ်။

သူမသေဆုံးသွားတဲ့အခါ သူမကို

ချက်ချင်းမြေမမြှပ်စေပဲ လင့်စင်ထိုးပြီး သုဿန်မှာ

၃ရက်ထားစေဖို့ မြတ်စွာဘုရားရှင်က

ဗိဗ္ဗိသာရမင်းကြီးကို မှာကြားခဲ့တယ်။

၃ ရက်မြောက်တဲ့နေ့မှာ နာမကျန်းတဲ့သူနဲ့ ကလေးငယ်မှလွဲ၍ အားလုံး သီရိမာရဲ့မြေမြုပ်ပွဲကို လာရောက်ကြည့်ရှု့ရမည်၊

ပျက်ကွက်ပါက

ဒဏ်ငွေ ပေးဆောင်ရမည်ဆိုပြီး

မောင်းလှည့်ခတ်စေတယ်။

ဘုရားကလည်း သံဃာအားလုံး လာရောက်၍

ကြည့်ရှု့ရမည်ဟုအမိန့်ထုတ်တယ်။

၃ ရက်မြောက်တဲ့နေမှာ သီရိမာရဲ့ ရုပ်ကတော်တော်လေးပျက်စီးနေပြီ၊

ဒွာရပေါက် အပေါင်းမှစီးထွက်လာတဲ့ အရည်နံ့ကလဲ ထောင်းထောင်းထနေခဲ့ပြီ။

အဲ့ဒီအခါမှာတော့ ကမ္ဘာပေါ်မှာ ပထမဦးဆုံးလေလံပွဲကို စတင်ပါတယ်။

သီရိမာကို လိုချင်တဲ့သူရှိရင် အဿ ပြာ တစ်ထောင်နဲ့ အပိုင်ယူနိုင်ပါတယ်တဲ့။

တစ်ယောက်မှ မလှုပ်ကြပါ၊ ဒါနဲ့ ၅၀၀ - ၂၅၀ - အလကားပေးမယ်ဆိုတာတောင် မယူကြတော့ဘူး။

ဒီတော့နောက်တစ်မျိုးပြောင်းပြီ သီရိမာကို ကြင်ကြင်နာနာနဲ့ခေါ်ထားမယ်ဆိုရင် အသပြာ ၁၀၀၀ ပေးမယ်ဆိုတာတောင် ဘယ်သူမှ ယူမယ့်သူမရှိဘူး။

အဲဒီတော့မှ ဘုရားက မရဏသဘောကိုတရားဟောတယ်၊

အားလုံးကိုလဲ သရဏံဂုံတင်ပေးတယ်။

လူအများ ကျွတ်တန်းဝင်ကြတယ်ပေါ့ဗျာ....

အဲဒီကစလို့ ၃ ရက်ထားတဲ့ ဓလေ့၊ အသုဘရှုတဲ့ဓလေ့၊ သရဏံဂုံတင်တဲ့ဓလေ့တွေ စတင်ဖြစ်လာခဲ့တယ်လို့ဆိုတယ်။

မှတ်ချက်။ ။ သရဏံဂုံတင်ခြင်းသည် သေသူကိုတင်ခြင်းမဟုတ်ပါ။ ယခုအခါမှားယွင်းစွာ သေသူကိုတင်သည်ဟုထင်နေကြသည်။

နောက်တစ်ခုက

မသာတစ်ခေါက် ကျောင်းဆယ်ခေါက်ဆိုတာကို မသာတစ်ခေါက်ပို့ခြင်းဟာ ကျောင်း ဆယ်ခေါက်သွားခြင်းနဲ့ ကုသိုလ်တူတယ်လို့ထင်နေကြတယ်၊ တကယ်က မသာတစ်ခေါက်ပို့တဲ့အတွက် သံဝေဂရပြီး ကျောင်းကို ဆယ်ခေါက်ရောက်သွားလိမ့်မယ်လို့ဆိုတာပါ။

Source: Dama Knowledge

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။