တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ပထမအကြိမ်အဖြစ်၊ မြိတ်ပုလဲမြေ L.J.LEDမီးအလှပြပွဲတော် ကျင်းပ လျက်ရှိတယ်လို့ သိရပါတယ်။အဆိုပါ ကမ္ဘာမီးအလှပြပွဲတော်ကိုတော့ မတ်လ (၁၇)ရက်နေ့ ည (၆) နာရီကမှ စတင်ဖွင့်လစ်ခဲ့တာဖြစ်ပြီး ဒေသခံပြည်သူများ ဖြင့် စည်ကားလျက်ရှိတာပဲ ဖြစ်ပါတယ်။၎င်း LED မီးအလှပြပွဲ တော်ကိုတော့ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလင်းကိုကို၊ မြိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်အေးနှင့် L.J. ကုမ္ပဏီမှ မန်နေးဂျင်းဒါရိုက်တာ ဦးရဲမြင့်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့တာဖြစ်တယ်လို့ သတင်းရရှိပါတယ်။ 

ခရိုင်အုပ်ချုပ်ရေးမှူးကလည်း မြိတ်ပုလဲမြေ LED မီးအလှပြပွဲတော် ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ် ပေးခဲ့ တယ်လို့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။အဲ့ဒီနောက်မှာတော့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးလင်းကိုကို၊ မြိတ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး တင်ထွန်း၊ မြိတ်ခရိုင် မီးသတ်ဦးစီးမှူး ဦးဇော်ဝင်း၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိ သူများ၊L.J.ကုမ္ပဏီမှ မန်နေးဂျင်းဒါရိုက်တာ ဦးရဲမြင့် တို့က မြိတ်ပုလဲမြေ LED ရောင်စုံမီး အလှပွဲတော် ခင်းကျင်း ပြသထားတဲ့ ရောင်စုံမီးအလှများ ကိုလိုက်လံကြည့်ရှု့ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါမီးအလှပြပွဲကို မတ် ၁၇ ရက် မှ ၂၈ ရက်အထိ ကျင်းပမှာဖြစ်ပြီး မီးအလှပြပွဲတွင် LED မီးလုံးပေါင်း သန်း ၂ဝဝ ကျော်ဖြင့် ရုပ်ပုံတော်တော်များများကို ပုံဖော်အလှဆင်ထားတာပဲ ဖြစ်ပါတယ်။မီးအလှပြပွဲကို လူကြီး တစ်ဦးလျှင် ငွေကျပ် ၃ဝဝဝ၊ ကလေးတစ်ဦးလျှင် ငွေကျပ် ၁၅ဝဝ နှုန်းဖြင့် သတ်မှတ်ထားတယ်လို့ တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။ ရဟန်းသံဃာများ၊ သီလရှင်များ၊ အသက် ငါးနှစ်အောက်ကလေးငယ်များ၊ သက်ကြီး ရွယ်အိုနှင့် မသန်စွမ်းပုဂ္ဂိုလ်များအနေဖြင့် အခမဲ့ ဝင်ရောက်ကြည့်ရှုလေ့လာနိုင်မှာ ဖြစ်တယ်လို့ ၎င်းကပြောပါတယ်။ 

သတင်းအရင်းအမြစ် - မြန်မာ့အလင်း 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။