ရန်ကုန်၊ ဒီဇင်ဘာ ၂၀-ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသားငါးဦးကို မီး ရှို့သတ်ခဲ့သည့်အပြင် လူကုန်ကူးမှုများဖြင့် ထောင်ဒဏ်တစ်သက်တ ကျွန်း ချမှတ်ခံထားရသည့် ထိုင်းနိုင်ငံသားတရားခံပြေးတစ်ဦးဖြစ်သူ ဒေါက်တာဆိုဖာ့(ခ)နိုင်အောင်မင်း(နှလုံးအထူးကုဆရာဝန်)သည် မြန်မာ နိုင်ငံသို့တရားမဝင်ခိုးဝင်လာသည့်အတွက် လဝကဥပဒေဖြင့် မုပွန်ရဲစ ခန်းတွင် ဒီဇင်ဘာ ၁၉ ရက်ကအမှုဖွင့်ထားကြောင်း မွန်ပြည်နယ်ရဲတပ် ဖွဲ့မှူးရုံးမှ သိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁၈ ရက် ည ၇ နာရီအချိန်က မော်လမြိုင်မြို့ နယ် ရာမညဟိုတယ်တွင် ထိုင်းနိုင်ငံမှ ထွက်ပြေးတိမ်းရှောင်လာသော တရားခံပြေးတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ မွန်ပြည်နယ်ရဲ တပ်ဖွဲ့မှူးဦးစီးသည့် တပ်ဖွဲ့ဝင်များမှသွားရောက်ဖမ်းဆီးရာ ထိုင်းနိုင်ငံ သား ဒေါက်တာဆိုဖာ့(ခ)နိုင်အောင်မင်း (၆၂)နှစ်ကို မော်လမြိုင်မြို့နယ် ရာမညဟိုတယ်အခန်းအမှတ်(၃၁၅)တွင် တွေ့ရှိဖမ်းဆီးရမိခဲ့သည်။

မွန်ပြည်နယ်တွင် ဖမ်းဆီးရမိထားသည့် ထိုင်းနိုင်ငံသား ဒေါက် တာဆိုဖာ့(ခ)နိုင်အောင်မင်း(၆၂)နှစ်သည် လွန်ခဲ့သည့် ၂၀၁၂ သြဂုတ် လအတွင်းက မြန်မာနိုင်ငံသားခြံအလုပ်သမားငါးဦးအား လုပ်ခငွေမ ပေးဘဲ တုတ်နှင့်ရိုက်၊ ဓားဖြင့်ခုတ်သတ်ခဲ့သည့်အပြင် မီးရှို့သတ်ခဲ့ကာ လူကုန်ကူးမှုများဖြင့် ထွက်ပြေးတိမ်းရှောင်နေသူတစ်ဦးဖြစ်သည်။

ယင်းနှင့်ပတ်သက်ပြီး မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးကြီးဘိုဘို ဦးက""ထိုင်းနိုင်ငံသားတရားခံပြေးတစ်ဦးကို မော်လမြိုင်မှာဖမ်းဆီး ရမိခဲ့ပါတယ်။ သူက မြန်မာနိုင်ငံထဲကို ဘုရားသုံးဆူဘက်ကနေ တရား မဝင်ခိုးဝင်ရောက်လာတဲ့အတွက် လောလောဆယ် မုပွန်ရဲစခန်းမှာ လဝကဥပဒေနဲ့အမှုဖွင့်ထားတယ်။

မြန်မာနိုင်ငံမှာ လဝကဥပဒေအရ အရေးယူမှုတွေဆောင်ရွက်ပြီးမှ ပြည်နှင်ဒဏ်ပေးတဲ့ကိစ္စတွေ ဆက် လက်ဆောင်ရွက်သွားမယ်။ ပြီးတော့မှ ထိုင်းနိုင်ငံက သူ့တို့နိုင်ငံရဲ့ဥပ ဒေအတိုင်းဆက်လက်အရေးယူဆောင်ရွက်သွားမှာပါ""ဟု ဒီမိုကရေစီ တူဒေးသို့ ဒီဇင်ဘာ ၂၀ ရက်က ပြောကြားသည်။

ထိုင်းနိုင်ငံသားဖြစ်သူ ဒေါက်တာဆိုဖာ့(ခ)နိုင်အောင်မင်း(နှလုံးအထူးကုဆရာဝန်)ကို အဆိုပါအမှုများဖြင့် ထိုင်းတရားရုံးက ၂၀၁၅ ခုနှစ်တွင်တစ်သက်တစ်ကျွန်းအမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ ထိုင်းနိုင်ငံသားကို မွန်ပြည်နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက ထိုင်းနိုင်ငံ သို့ ဥပဒေနှင့်အညီလွှဲပြောင်းပေးနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်နေ ပြီး ယခုအခါ ဒေါက်တာဆိုဖာ့(ခ)နိုင်အောင်မင်းကို မုပွန်ရဲတပ်ဖွဲ့စခန်း တွင်ခေတ္တထိန်းသိမ်းချုပ်နှောင်ထားသည်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။