စားသုံးဆီ အမျိုးမျိုး ရှိတဲ့အနက် အချို့က ချက်ပြုတ် ကြော်လှော်တဲ့အခါ အုန်းဆီကို သုံးစွဲလေ့ ရှိကြပါတယ်။ အုန်းဆီက သဘာ၀ အုန်းသီးက ရလာတဲ့ အဆီအနှစ် သီးနှံဆီတစ်မျိုး ဖြစ်တာကြောင့် အခြားသော အဆီတွေထက် ပိုကောင်းနေတယ် ဆိုပြီး ယုံကြည်လေ့ ရှိကြပါတယ်။ အင်တာနက်မှာလည်း အုန်းဆီကို စားသုံးနိုင်တယ်၊ စားသုံးသင့်တယ် ဆိုပြီး အချို့ ဖော်ပြထားတာမျိုးတွေ ရှိပါတယ်။ ဒါ့ကြောင့် အခုတင်ဆက်ပေးမယ့် အကြောင်းအရာကတော့ အုန်းဆီ စားသုံးရန် သင့်/ မသင့်ပဲ ဖြစ်ပါတယ်။ 

အုန်းဆီထဲမှာ ပြည့်ဝဆီ ပမာဏက ၉၀% ပါဝင်ပါတယ်။ ဒ့ါကြောင့် အုန်းဆီမှာ ပါဝင်တဲ့ ပြည့်ဝဆီ ပမာဏ က အမဲဆီ၊ ဝက်ဆီ၊ အခြားသော တိရစ္ဆာန် အဆီတွေနဲ့ ထောပတ်ဆီ တွေထက်တောင် ပမာဏ ပိုများနေပါတယ်။ ဒါ့ကြောင့် မြန်မာမုန့် အချို့က အုန်းဆီ နဲ့ ချက်ထားတဲ့ အနှစ်နဲ့ တွဲဖက် စားသုံးကြပေမယ့် အုန်းဆီ စားသုံးမှု ပမာဏ အနည်းငယ်သာ ဖြစ်သင့်ပါတယ်။ တတ်နိုင်ရင်တော့ အဆီကို စစ်စားတာ ကောင်းပါတယ်။ အုန်းဆီကို ဟင်းချက်တဲ့အခါ ထည့်သုံးစားမယ် ဆိုရင်တော့ ကျန်းမာရေးကို ထိခိုက်မှု ဖြစ်စေနိုင်ပါတယ်။ 

စားသုံးဆီတွေမှာ ဆိုရင်တော့ နေကြာဆီ၊ သံလွင်ဆီက ပိုပြီး ကျန်းမာရေးနဲ့ ညီညွှတ်ပါတယ်။ အဆီကို လုံး၀ မစားသုံးရင်လည်း အဆင်မပြေသလို ဆီ များလွန်းရင်လည်း ကျန်းမာရေး ထိခိုက်နိုင်ပါတယ်။ အဆီရယ်၊ အသားဓါတ်ရယ်ကို ပြည့်ဝအောင် စားသုံးပေးမှသာ အသားဓါတ်တွေ ခန္ဓာကိုယ်အတွက် ဖြစ်စဉ်တွေက သင့်တင့် မျှတမှာပဲ ဖြစ်ပါတယ်။ အဆီများလွန်းရင်လည်း cholesterol များပြီး ကျန်းမာရေး ဆိုးကျိုးတွေ များစွာ ဖြစ်စေပါတယ်။ ဒါ့ကြောင့် တန်ဆေး လွန်ဘေးမို့ အဆီကို အလွန်အကြူး မစားမိဖို့ တိုက်တွန်းလိုက်ပါတယ်။

အားလုံးပဲ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး သာယာပျော်ရွှင်နိုင်ကြပါစေရှင်။

သတင်းအရင်းအမြစ် - ဒေါက်တာ ကျော်စွာဦး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။