အလီဘာဘာကုမ္ပဏီကို တည်တောင်သူဂျက်မားဟာ သူ့ရဲ့စီးပွားရေးကို တိုးချဲ့ရန်အတွက် အရှေ့တောင်အာရှမှာ ဖြစ်ပါတယ်။ ဂျက်မားဟာ lazadas အမည်နဲ့ အရှေ့တောင်အာရှနိုင်ငံတွေကို အွန်လိုင်းရောင်းဝယ်ရေးဈေးကွက်ကို ထိုးဖောက်တော့မှာပါ။ ဒါ့အတွက် ဒေါ်လာ ၂ ဘီလီယံ ကိုအသုံးပြုသွားမယ်လို့လည်း ဆိုထားပါတယ်။

နောက်ဆုံးနှစ်မှာ Lazada ကိုအသုံးပြုခဲ့မှုရာခိုင်နှုန်း ၈၃ ရာခိုင်နှုန်းရှိကြောင်း သိရပါတယ်။ ရုံးတွေထားရှိမယ်နေရာတွေကတော့ အင်ဒိုနီးရှား၊မလေးရှား၊ ဖိလစ်ပိုင် ၊ထိုင်း နဲ့ ဗီယက်နမ်းတို့မှာ ထားရှိမှာဖြစ်ပြီး ရုံးချုပ်ကိုတော့ စင်ကာပူနိုင်ငံမှာတည်ထားမှာပဲဖြစ်ပါတယ်။ Lazada ဟာ CEO ပြောင်းလိမ့်မယ်ဟု အလီဘာဘာမှ ပြောခဲ့ပါတယ်။ 

အလီဘာဘာဟာ အွန်လိုင်းအရောင်းအဝယ်ကို အဓိကလုပ်ပေးတဲ့ တရုတ်နိုင်ငံရဲ့ အကြီးဆုံးအွန်လိုင်းအရောင်အဝယ် ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ ပြည်သူတွေရဲ့ အရောင်းအဝယ်ကို အဓိကလုပ်ဆောင်ပေးတဲ့ လွယ်ကူသက်သာတဲ့ အကောင်းဆုံးအွန်လိုင်းရောင်းဝယ်ရေးတစ်ခုဖြစ်ပါတယ်။  

source - UPI

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။