မော်တော်ယဉ် လိမ်လည်သွားသူအား သတင်းပေးကူညီနိုင်ပါရန် အသိပေးဖော်ပြခြင်း

စမ်းချောင်းမြို့နယ်နေ ဒေါ်မြင့်မြင့်ကြည်၊ (၆၁)နှစ်သည် ၎င်းပိုင်ယာဉ်

အမှတ် 1G-2442 TOYOTA ALPHARD အမျိုးအစားမော်တော်ယာဉ်

အား ၅.၃.၂၀၁၆ ရက်နေ့တွင် ဒဂုံမြို့နယ်၊ အလုံလမ်းရှိ My Garden

စားသောက်ဆိုင်၌ မရမ်းကုန်းမြို့နယ်နေ တင့်လွင်ဦး၊ (၃၉)နှစ်ထံသို့

တစ်လလျှင်ငွေကျပ် (၇)သိန်းဖြင့် ၅.၉.၂၀၁၆ ရက်နေ့ထိ (၆)လစာ

ငှားရမ်းခြင်း ကတိစာချုပ်ချုပ်ဆို၍ မော်တော်ယာဉ်ငှားရမ်းခကို တစ်လ

လျှင်တစ်ကြိမ်ပေးအပ်ရမည်ဟု ဝန်ခံကတိလက်မှတ်ရေးထိုးကာ

စာချုပ်တွင် ထည့်သွင်းဖော်ပြချုပ်ဆို၍ မော်တော်ယာဉ်အား ပေးအပ်

ခဲ့ကြောင်းသိရှိရပါသည်။

ယင်းသို့စာချုပ်ချုပ်ဆိုခဲ့သော်လည်း တင့်လွင်ဦးမှ မော်တော်ယာဉ်ငှားရမ်း

ခငွေအား လာရောက်ပေးအပ် ခြင်းမရှိသဖြင့် စုံစမ်းခဲ့ရာ တာမွေမြို့မ

ရဲစခန်းတွင် မော်တော်ယာဉ်လိမ်လည်မှုများဖြင့် ဖမ်းဆီးခံထားရကြောင်း

သိရှိရ၍ ၎င်းအား အရေးယူပေးရန်တိုင်တန်းခဲ့ရာ ဒဂုံမြို့မရဲစခန်းတွင်

(ပ)၈၇/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၄၂၀ ဖြင့် အမှုဖွင့်ဆောင်ရွက်ခဲ့ကြောင်း

သိရပါသည်။

အမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးဆောင်ရွက်ချက်များအရ တင့်လွင်ဦး

သည် အမှုမှမော်တော်ယာဉ်အား ဒေါ်မြင့်မြင့်ကြည်ထံမှ စတင်ငှားရမ်း

ရယူသွားပြီးနောက် ဒေါ်ခိုင်ရွှေဝါထံသို့လည်းကောင်း၊ ဒေါ်ခိုင်ရွှေဝါမှ

မအိ(ခ)မအိအိဝင်းထံသို့လည်းကောင်း အထောက်အထားမဲ့ဖြင့်

အဆင့်ဆင့်ငှားရမ်းပေါင်နှံထားကြောင်း သိရှိရပါသည်။

အမှုမှမော်တော်ယာဉ်အား ပြန်လည်သိမ်းဆည်းရမိရေးနှင့် ပြစ်မှုကျူးလွန်

ရာတွင်ပါဝင်သူ မအိ(ခ)မအိအိဝင်းအား ဖမ်းဆီးရမိရေးအတွက် ဒဂုံမြို့မ

ရဲစခန်းမှ တပ်ဖွဲ့ဝင်များက ယာဉ်ထိန်းရဲတပ်ဖွဲ့၊ ဆက်စပ်မြို့နယ်များ၊

အခြားပြည်နယ်/တိုင်းဒေသကြီးရှိ မြို့နယ်ရဲစခန်းများနှင့် ချိတ်ဆက်၍

စုံစမ်း ဆောင်ရွက်လျက်ရှိပါသည်။ မအိ(ခ)မအိအိဝင်းမှာ ဓါတ်ပုံတွင်ဖော်ပြ

ထားသူဖြစ်ပြီး ပြည်သူများအနေဖြင့်လည်း ၎င်းနှင့်ပတ်သက်သည့်သတင်း

တစ်စုံတစ်ရာရရှိပါက အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်သတင်းပေး

ကူညီနိုင်ပါရန် အသိပေးဖော်ပြအပ်ပါသည်-

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး - ၁၉၉၊ ၀၁ ၂၃၂၃၁၉၉

အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး - ၀၁ ၃၇၆၁၆၆

ဒဂုံမြို့မရဲစခန်း - ၀၁ ၃၇၄၄၂၇

Credit - Yangon Police

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။