မတ် (၁၈)ရက်၊ နံနက် ၁ဝနာရီအချိန်၊ ရှမ်းပြည်နယ်တောင်ပိုင်း ခိုလမ်မြို့တွင် သက်ကြီးဘိုးဘွားများနှင့် ကိုယ် ဝန်ဆောင် မိခင်များအား အာဟာရထောက်ပံ့လှူဒါန်းပွဲတစ်ခု ပြုလုပ်ကျင်းပခဲ့တယ်လို့ သတင်းရရှိ ပါတယ်။ အဆိုပါပွဲလေးကိုတော့ ရှမ်းပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ ကြီးမှုးကျင်းပ ခဲ့တာပဲ ဖြစ်ပါတယ်။ အာဟာရထောက်ပံ့ပေးအပ်လှူဒါန်းပွဲကိုတော့ ခိုလမ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမတွင် ပြုလုပ်ကျင်းပခဲ့တာ ဖြစ်တယ်လို့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ 

ပထမဆုံးအနေနဲ့ ပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ နာယက ဒေါ်နန်းရွှေမြင့်မှ အမှာ စကားပြောကြားခဲ့ပြီး ပွဲကိုဖွင့်လှစ်ပေးခဲတာပဲ ဖြစ်ပါတယ်။ ဆက်လက်ပြီး ခိုလမ်မြို့ ခုတင် (၁ဝဝ) ပြည်သူ့ ဆေးရုံအုပ်ကြီး ဒေါက်တာ ဇော်မင်းထူးက သားအိမ်ခေါင်းကင်ဆာရောဂါနှင့်ပတ်သက်ပြီး ဒေသခံ ပြည့်သူတွေ ကို ဗဟုသုတအနေနဲ့ အသိပညာပေး ရှင်းလင်းပြောကြားပေးခဲ့ပါတယ်။  

သားအိမ်ခေါင်းကင်ဆာရောဂါ ဖြစ်ပွားရခြင်း အကြောင်းအရင်းနှင့် ရောဂါဖြစ်ပွားမှု အဆင့်ဆင့်၊ ရောဂါဖြစ်ပွား နိုင်ခြေများသူများ ၊ ရောဂါကာကွယ်ရေး နည်းလမ်းများ၊ စစ်ဆေးခြင်းနည်းလမ်းများ၊ ကုသခြင်း နည်းလမ်း များနှင့် ရောဂါမဖြစ်ပွားစေရန် ဆောင်ရန်ရှောင်ရန် နည်းလမ်းများကို အသိပညာပေး ဟောပြောပေးခဲ့တယ်လို့ သိရပါတယ်။အဲ့ဒီနောက်မှာတော့ ခိုလမ်မြို့အတွင်းရှိ သက်ကြီး ဘိုးဘွားများနှင့် ကိုယ်ဝန်ဆောင်မိခင် များအား ဒေါ်နန်းရွှေမြင့်နှင့် အဖွဲ့က အာဟာရများ ပေးအပ်လှူဒါန်းခဲ့တယ်လို့ တာဝန်ရှိသူတစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။ 

သတင်းအရင်းအမြစ် - မြန်မာအလင်း 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။