ရန်ကုန်မြို့၊ခရီးသွားပြည်သူများ အပန်းဖြေအနားယူနိုင် စေရန် Yangon Water Bus မှခရီးစဉ်အသစ် ထပ်တိုးပြေးဆွဲနေပြီလို့ သတင်းရရှိပါတယ်။ ရန်ကုန်မြစ်အတွင်း ပြေးဆွဲလျက်ရှိတဲ့ Yangon Water Bus အနေနဲ့ ဗိုလ်တထောင်ဆိပ်ကမ်းကနေ သံလျင်၊ ကျောက်တန်း ရေလယ်ဘုရားအထိ ဘုရားဖူးအပန်းဖြေခရီးစဉ်အသစ်ကို ထပ်တိုးပြေး ဆွဲနေတာပဲ ဖြစ်ပါတယ်။အဆိုပါ ခရီးစဉ်အသစ်ကိုတော့ ခရီးစဉ်အသစ်ကို မတ်လ ၁၈ ရက်မနေ့က စတင်ပြေးဆွဲနေတာဖြစ်ကြောင်း Water Bus မှတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ခရီးသွားပြည်သူများအနေနဲ့ ဗိုလ်တထောင်ဆိပ်ကမ်းတွင် နေ့လယ် ၁၁ နာရီကနေ ၁၂ နာရီထိ လက်မှတ်ဝယ် ယူနိုင်မှာပဲ ဖြစ်ပါတယ်။လက်မှတ်များကိုလည်း Yangon Water Bus Facebook Page တွင် မိမိတို့ရဲ့ နာမည်၊ ဖုန်းနံပါတ်တို့ကို ပေးပြီးကြိုတင် ဘိုကင်လုပ်နိုင်တယ်လို့ သိရပါတယ်။ Facebook Page ၊ Chat Box ကနေ ကြိုတင် Booking လုပ်ထားသူများအနေနဲ့ မိမိတို့ စရင်းသွင်းဘိုကင်လုပ်ထားတဲ့ အမည်ကိုပြောပြီး လွယ်ကူ ရိုးရှင်းစွာ လက်မှတ်ထုတ်နိုင်မှာပဲ ဖြစ်ပါတယ်။ 

အသွားအပြန်လက် လက်မှတ်ဈေးနူန်းများကိုတော့ မြန်မာ တစ်ဦးလျှင် ကျပ် ၆၀၀၀ ၊ နိုင်ငံခြားသားတစ်ဦးလျှင် ၁၅ ဒေါ်လာ သတ်မှတ်ထားတယ်လို့ သိရပါတယ်။ သင်္ဘောပေါ်တွင် အစားအသောက်အစီစဉ်များကိုလည်း ဝန်ဆောင်မှု ပေးသွားမှာဖြစ်တယ်လို့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ အဆိုပါ ခရီးစဉ်ကတော့ ဗိုလ်တထောင်ဆိပ်ကမ်းကနေ မနက် ၉ နာရီဝန်းကျင် ထွက်မှာဖြစ်ပြီး ညနေ ၆ နာရီဝန်းကျင်တွင် ပြန်လည်ရောက်ရှိမှာ ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့ပါတယ်။

သတင်းအရင်းအမြစ် - Yangon Water Bus

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။