ပြည်တွင်းပို့ဆောင်ရေးအတွက် လိုအပ်ချက်များစွာရှိနေတဲ့အထဲက လက်ရှိမြန်မာ့မီးရထား လုပ်ငန်းတွေလည်း ပါဝင်နေကြောင်း သိရပါတယ်။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားသို့ အိန္ဒိယနိုင်ငံRITES Ltd. မှYDM – 4 ဒီဇယ်လျှပ်စစ်စက်ခေါင်း ၁၈ ခေါင်း ကိုဝယ်ယူခဲ့ပြီး လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲတွင် နေပြည်တော်ဘူတာကြီးရှိ အမှတ်(၁)စင်္ကြံ၌ ကျင်းပခဲ့ကြောင်း သိရပါတယ်။ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ယနေ့ လွှဲပြောင်းလက်ခံသည့် အိန္ဒိယနိုင်ငံထုတ် ရထားစက်ခေါင်း ၁၈ ခေါင်းကို အိန္ဒိယနိုင်ငံ EXIM Bank ချေးငွေဖြင့် ဝယ်ယူ ခြင်းဖြစ်ကြောင်း၊ လူစီးရထားများအတွက်သာမက ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းများစွာအတွက် အဓိကအားထားသုံးစွဲသွားရန် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း သိရပါတယ်။   

အိန္ဒိယနိုင်ငံ RITES Ltd. မှ မြန်မာ့မီးရထားသို့ လွှဲပြောင်းပေးသည့် စက်ခေါင်းများသည် Micro Controller Based Control, Fuel Efficient ALCO အင်ဂျင်များ တပ်ဆင်ထားခြင်း၊ Control Unit တွင် တယ်လီဖုန်းSim Card များထည့်ထားပြီး စက်ခေါင်းရောက်ရှိရာနေရာ၊ မောင်းနှင် နေသည့် မိုင်နှုန်းအပါအဝင် စက်ခေါင်း၏အင်ဂျင် Control ပိုင်းဆိုင်ရာ အခြေအနေကို မိခင်စက်ရုံ တယ်လီဖုန်းHand Set မှတစ်ဆင့် Download ဆွဲယူကြည့်ရှုစစ်ဆေးနိုင်ကြောင်း သိရပါတယ်။ ၎င်းအပြင် စက်ခေါင်းစက်ရုံရောက်ရှိချိန်တွင် Control Unit နှင့် Laptopကွန်ပျူတာချိတ်ဆက်ပြီး စက်ခေါင်းနှင့် ပတ်သက်သည့် အချက် အလက်များ ရယူနိုင်ခြင်း၊Fault Codeများ ကြည့်ရှုစစ်ဆေး နိုင်ခြင်းတို့ကြောင့် ယခင်စက်ခေါင်းများထက် ပိုမိုအားသာသည့် စက်ခေါင်းများဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။  

အဆိုပါ ဒီဇယ်လျှပ်စစ်စက်ခေါင်းများသည် ပထမအသုတ် အဖြစ် ၂ဝ၁၇ခုနှစ်၊ ဇူလိုင်လတွင် ခြောက်ခေါင်း၊ ဒုတိယအသုတ် အဖြစ် ၂ဝ၁၇ ခုနှစ်၊ နိုဝင်ဘာလတွင် ခြောက်ခေါင်း၊ နောက်ဆုံး အသုတ်အဖြစ် ၂ဝ၁၈ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ခြောက်ခေါင်း စုစုပေါင်း ၁၈ ခေါင်း ရောက်ရှိခဲ့ခြင်းဖြစ်ပါတယ်။ ရောက်ရှိလာသည့် စက်ခေါင်းများအား ရန်ကုန်- မန္တလေးလမ်းပိုင်း၊ မ္တလေး- မြစ်ကြီးနားလမ်းပိုင်းနှင့် ရန်ကုန်- မော်လမြိုင်လမ်းပိုင်းများတွင် လူစီးရထားနှင့် ကုန်ရထားများ၌ ပြေးဆွဲအသုံးပြုသွားမည် ဖြစ်ကြောင်း သိရပါတယ်။

Source - Myanmaalinn

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။