အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ်မှာ မတ်လ (၁၈) ရက်နေ့က ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူနှစ်ဦး ဒဏ်ရရှိခဲ့ပါတယ်။ ထိုပေါက်ကွဲမှုကြောင့် အမေရိကန်ရဲတပ်ဖွဲ့က ပြည်သူများ သတိရှိရှိနေကြရန် ပြောကြားလာပါတယ်။ ဒါဟာ တက်ဆက်ပြည်နယ်မှာ လေးကြိမ်မြောက်ပေါက်ကွဲမှုလည်း ဖြစ်ပါတယ်။

ယခုနောက်ဆုံး ကြုံတွေ့လိုက်ရသည့် ပေါက်ကွဲမှုမှာ မြို့၏ အနောက်တောင်ပိုင်း ထရာဗစ်ကောင်တီ ဟု လူသိများသည့် အရပ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယခင်ဖြစ်ထားခဲ့သည့် အခြားသော ပါဆယ်ဗုံးပေါက်ကွဲမှုဖြစ်စဉ်များသည် မြို့အရှေ့ခြမ်း လူနေဧရိယာများတွင် ပေါ်ပေါက်ထားခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ပါဆယ်ဗုံး ပေါက်ကွဲမှုဖြစ်စဉ်များကြောင့် လူနှစ်ဦးသေဆုံးထားခဲ့ပါတယ်။

လက်ရှိအခြေအနေများအရ မြို့တွင်းနေ ဒေသခံများအားလုံးအနေဖြင့် ၎င်းတို့၏ နေအိမ်များအနီး မသင်္ကာဖွယ် အထုပ်များတွေ့ပါက ကိုင်တွယ်ထိတွေ့ခြင်းများ မလုပ်ကြရန် ရဲတပ်ဖွဲ့အကြီးအကဲ ဘရိုင်ယန် မန်လေက သတိပေးသွားခဲ့ပါတယ်။

ယခုနောက်ဆုံး ကြုံတွေ့လိုက်ရသည့် ပေါက်ကွဲမှုတွင် အသက် ၂၀ အရွယ် အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာရသွားကြသည်။ ၎င်းတို့ကိုဆေးရုံသို့ တင်ပို့ထားရပြီး အခြေအနေ မစိုးရိမ်ရဟု သိရပါတယ်။

ယခုအခါ အဆိုပါ မြို့သို့ FBI အေးဂျင့်များလည်း လာရောက်ပူးပေါင်းစုံစမ်းစစ်ဆေးနေပြီဖြစ်ကြောင်း သိရသည်။

source - AP

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။