မြန်မာမိန်းကလေးပရိသတ်တွေကြားမှာ အဝင်းလို့ ချစ်စနိုးနဲ့အတိုကောက်ခေါ်ကြတဲ့ အဆိုတော် မိုရီဆာကီဝင်းဟာ ဂျပန်နိုင်ငံရဲ့ အနုပညာလောကမှာအောင်မြင်နေတဲ့ လူငယ်အဆိုတော်တစ်ဦးဖြစ်ပါတယ်။

ဂျပန်ပေါ့ဂီတ Prizmax အဖွဲ့ဝင် မိုရီဆာကီဝင်းဟာ မြန်မာပြည်ဖွားတစ်ယောက်ဖြစ်ပေမယ့်လည်း ဂျပန်မိန်းကလေးပရိသတ်တွေရဲ့ အသဲကျော်တစ်ဦးအဖြစ်လည်း နာမည်ကြီးပါတယ်။

နာမည်ကြီး ဟောလီးဝုဒ်ရုပ်ရှင် ဒါရိုက်တာကြီး စတီဗင် စပီးဘတ်ဂ် ရိုက်ကူးတဲ့ Ready Player One ရုပ်ရှင်ဇာတ်ကားအထူးပွဲကို လန်ဒန်မြို့မှာ ကျင်းပခဲ့ရာ အဝင်းတစ်ယောက်လည်း တက်ရောက်ဖြစ်ခဲ့တယ်လို့သိရပါတယ်။

အဝင်း ဟာ ကမ္ဘာကျော်ဟောလိဝုဒ်အနုပညာရှင်တွေနဲ့လည်း အမှတ်တရဓာတ်ပုံတွေအတူတူရိုက်ကူးခဲ့တာကိုတွေ့ရပါတယ်။

စိတ်ကူးယဉ်သိပ္ပံဇာတ်ကားဖြစ်တဲ့ ဒီဇာတ်ကားမှာ အဝင်းဟာ နာမည်ကြီးဆယ်လီတွေနဲ့အတူ ပါဝင်သရုပ်ဆောင်ထားပြီး လန်ဒန်မှာ ဒီလကုန်ပြသမှာဖြစ်တယ်လို့ သိရပါတယ်။

နှုတ်ခမ်းနီမလေးတွေရဲ့ အချစ်တော် မိုရီဆာကီဝင်း ပါဝင်တာမို့ ဒီဇာတ်ကားကို မြန်မာပရိသတ်တွေသာမက ဂျပန်ကကောင်မလေးတွေပါ အကြိုက်တွေ့မှာ သေချာပါတယ်။  

Source : BBC burmese

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။