“ပုဂံမြို့သူ” ဇာတ်ကားကို ရိုက်ကူးနေကြတဲ့ ပုဂံမြို့သူအဖွဲ့သားတွေကတော့ ရှုတင်နားရက်လေးမှာ ဘုရားစေတီမှာ သန့်ရှင်းရေးတွေလုပ်ပြီး ကုသိုလ်ယူခဲ့ကြပါတယ်..။

သန့်ရှင်ရေး ကုသိုလ်လေးကိုတော့ မင်းသားချောလေး ဒေါင်း၊ ထူးအောင်နဲ့ မင်းသမီးချောလေး မေမြင့်မိုရ်တို့အပြင် ကျန်အဖွဲ့သားများလည်း ပါဝင်ကုသိုလ်ယူခဲ့ကြတာလည်း တွေ့ရပါတယ်..။

သူတို့ အဖွဲ့သားတွေကတော့“ပုဂံမြို့သူ” ဇာတ်ကားရိုက်ကူးရေးအတွက် ပုဂံကို ရောက်ရှိနေကြတာဖြစ်ပြီး သန့်ရှင်းရေးကုသိုလ်ယူနေတဲ့ သူတို့ရဲ့ ပုံရိပ်လေးတွေကိုတော့ မင်းသမီးချောလေး မေမြင့်မိုရ်က သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ ပရိသတ်တွေကို ပြန်လည်မျှဝေထားပါသေးတယ်..။

“Shooting နားရက် သန့်ရှင်းရေးကုသိုလ်လေးပါ..” ဆိုပြီး လွန်ခဲ့တဲ့ မိနစ်ပိုင်းလောက်က ဓာတ်ပုံလေးတွေနဲ့အတူ ပြန်လည်မျှဝေထားတာပါ..။

မင်းသမီးချောလေး မေမြင့်မိုရ်ကတော့ စစ်ကိုင်းပဘာချောင်ကျောင်း စေတီတော်တွေကိုလည်း ပြုပြင်မွမ်းမံပြီး ရွှေသင်္ကန်းများလည်း ကပ်လှူပုံဇော်ကုသိုလ်ယူခဲ့တယ်လို့လည်း သိရပါတယ်..။

သူမရဲ့ ကုသိုလ်အလှူလေးကိုလည်း (၇)ရက်သားသမီး ပရိသတ်များကိုလည်း ထပ်တူကုသိုလ်ရစေဖို့ အမျှပေးဝေဆုတောင်းထားပါသေးတယ်..။

Photo - မေမြင့်မိုရ် fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။