ရဲရဲတောက်နေတဲ့ အနီရောင်ဖက်ရှင်လေးနဲ့အတူ မင်းသမီးချောရွှေသမီးလေးကတော့ ပွဲလေးတစ်ခုကိုတက်ရောက်ခဲ့ပါတယ် ။

ပါးချိုင့်လေးနှစ်ဖက်ပေါ်အောင် ပြုံးနေတဲ့ သူမအလှက အနီရောက်ဖက်ရှင်တွေနဲ့အပြိုင် တောက်ပစွာ လင်းလတ်လို့နေပါတယ် ။

သူမရဲ့ပွဲတက်ဖက်ရှင်တွေ တော်တော်များများက Sexy တွေကိုအသားမပေးပဲ Cute ဖြစ်တဲ့ဖက်ရှင်လေးတွေကိုသာ ဝတ်လေ့ရှိသူဆိုတာကို ပရိသတ်ကြီးလည်း သတိထားမိမယ်ထင်ပါတယ် ။

အနုပညာပျိုးခင်းဆိုတဲ့ အစီအစဉ်လေးကနေ မြေတောင်မြှောက်ပေးခဲ့တဲ့ သူမက အခု ဆိုရင်တော့ လူသိများကာ နာမည်ကြီးနေတဲ့ မင်းသမီးချောတွေထဲမှာ ပါဝင်နေပြီပဲ ဖြစ်ပါ တယ် ။

ပါးချိုင့်လေးနှစ်ဖက်နဲ့ နှစ်လိုဖွယ်ကောင်းအောင် အပြုံးကလေးတွေခြွေချတက်သလို အပြော အဆိုအနေအထိုင်မှာလည်း သိမ်မွေ့တဲ့သူမက ပရိသတ်ကြားမှာ နာမည်ကောင်းတစ်ခုနဲ့ ရပ်တည်နိုင်သူတစ်ဦးလို့လည်း ဆိုနိုင်ပါတယ်။

ဒါကြောင့် သူမရဲ့ပရိသတ်တွေအတွက် သူမရဲ့ချစ်စရာပွဲတက်ဖက်ရှင်ကလေးတွေ စုစည်း ပေးလိုက်ပါတယ်နော် ။

Source - ရွှေသမီး ပေ့ချ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။