မော်လ်ဒယ် သရုပ်ဆောင် မင်းသမီးချောလေး ဘေဘီမောင်ကတော့ ရိုးရိုးယဉ်ယဉ် မြန်မာဝတ်စုံလေးနဲ့ ယဉ်ယဉ်လေးလှနေပါတယ်..။

မင်းသမီး ဘေဘီမောင်ကတော့ ပန်းရောင်မြန်မာဝတ်စုံလေးကို အချိုးအစားကျနစွာဝတ်ဆင်ထားပြီး ဆံနွယ်ထက်မှာ စံပယ်ပန်းလေးကို ပန်ဆင်ထားတဲ့ သူမရဲ့ ပုံရိပ်လေးတွေကတော့ တကယ့်ကို အေးချမ်းပြီး ချစ်စရာကောင်းနေတာ တွေ့ရပါတယ်..။

မင်းသမီးချောလေး ဘေဘီမောင်ကတော့ ယနေ့ မတ်လ (၂၀) ရက်နေ့ မနက်ပိုင်းက ရွှေတိဂုံစေတီတော်အောင်မြေမှာ ကျင်းပပြုလုပ်ခဲ့တဲ့ “မေဂယက်တို့ရပ်ကွက်” ရုပ်ရှင်ဇာတ်ကားကန်တော့ပွဲပေး အခမ်းအနားပွဲလေးကို တတ်ရောက်ခဲ့တာပါ..။

ရုပ်ရှင်ကန်တော့ပွဲပေးပွဲပုံရိပ်လေးတွေကိုတော့ မင်းသမီးချောလေး ဘေဘီမောင်က သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ ပရိသတ်တွေကို ပြန်လည်မျှဝေထားပါသေးတယ်..။

ဒါရိုက်တာရာဇဝင်ကို ရိုက်ကူးမယ့် အဲ့ဒီ ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ မတ်လ (၂၁) ရက်နေ့ စတင် ရိုက်ကူးမှာဖြစ်ပြီး ကျူးကျော်ရပ်ကွက်တွေထဲလည်း ရိုက်ကူးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်..။

“မေဂယက်တို့ရပ်ကွက်” ရုပ်ရှင်ဇာတ်ကားကို ရွှေသံစဉ်ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်မှာ ဖြစ်ပြီး ဒါရိုက်တာရာဇဝင်ကို ရိုက်ကူးပုံဖော်သွားမှာဖြစ်ပြီး ရန်အောင်၊ ခန့်စည်သူ၊ မင်းမော်ကွန်း၊ ဇေရဲထက်၊ ဇေထူး၊ စိုးမြတ်သူဇာ၊ ခိုင်သင်းကြည်၊ ရွှေမှုန်ရတီနဲ့ ဘေဘီမောင် တို့က အဓိက ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်..။

Photo - ဘေဘီမောင် fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။