ခန္ဓာကိုယ်ထဲမှာ ဖွဲ့စည်းထားတဲ့ အရိုးအဆစ်တွေလွဲသွားရင်တော့ ဆိုးရွားတဲ့နာကျင်မှု တွေကို ခံစားနိုင်ရသလို ငွေကုန်ကြေးကျများစွာလည်း ရှိလာနိုင်ပါတယ်။ အခုပြောပြပေး ချင်တဲ့အကြောင်းအရာကတော့ ဒီလိုအရိုးအဆစ်တွေလွဲတဲ့အခါ ထူးခြားတဲ့နည်းလမ်းနဲ့ ကုသပေးကာ နာမည်ကျော်လာတဲ့ ဆေးဆရာအကြောင်းပဲ ဖြစ်ပါတယ်။

မလေးရှားနိုင်ငံက Ustaz Rosdi လို့ခေါ်တဲ့ ဆေးဆရာတစ်ယောက်ကတော့ အရိုးအဆစ် လွဲလို့ နာကျင်ကာခံရခက်နေသူတွေကို အဲဒီဒဏ်ရာပေါ်မှာပဲ ဘောပင်နဲ့အရိုးအဆစ် ပုံတွေရေးဆွဲလေ့ရှိပါတယ်။

အဲဒီရေးဆွဲထားတဲ့ အရိုးအဆစ်ပုံတွေကိုကြည့်ကာ လွဲချော်နေတဲ့အရိုးနေရာကို သူက သစ်သား ချောင်းတစ်ခုကိုအသုံးပြုပြီး တူဖြင့်ရိုက်ကာ ပြန်လည်တည့်မတ်လေ့ရှိပါတယ် ။

သူရဲ့ကုသနည်းဟာ နာကြင်မှုကိုမရှိစေပဲ အချိန်တိုအတွင်းသက်သာစေတာကြောင့် သူဟာနာမည်ကြီးတဲ့ ဆရာတစ်ယောက်ဖြစ်လာပြီး လူမှုကွန်ယက်မှာ နာမည်ကြီးလာတာပဲ ဖြစ်ပါတယ် ။

သူရဲ့ထူးဆန်းတဲ့ကုသနည်းကိုတော့ ဆေးပညာရှင်များက အကြောသေဝေသနာကို ဖြစ် လာနိုင်ချေရှိတယ်လို့ ဝေဖန်သုံးသပ်ခဲ့တယ်လို့ သိရပါတယ် ။

ဒါကလည်း ထူးဆန်းတဲ့ကုသနည်းဖြစ်လို့ ပရိသတ်ကြီးကို ဗဟုသုတအနေနဲ့ ပြန်လည်မျှဝေ လိုက်ရပါတယ်။

Source – Youtube & Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။