ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ နေပြည်သူများအနေနဲ့ အမှိုက်သိမ်းကားများဖြင့် အမှိုက်ပစ်ရာတွင် အဆင်မပြေ မှုများကြုံတွေ့နေရတယ်လို့ သိရပါတယ်။ မြို့နယ်စည်ပင်သာ ယာရေးအဖွဲ့မှ ရပ်ကွက်အတွင်း အမှိုက်သိမ်း ကားများဖြင့် လိုက်လံသိမ်းဆည်းပေးရာတွင် ကားများမှာမြင့်နေတာကြောင့် ပြည်သူများအခက်တွေ့နေတာပဲ ဖြစ်ပါတယ်။လက်ရှိအမှိုက်သိမ်းပေးသည့် ကား များမှာ တုန်ဖုန်းကားများဖြစ်ပြီးကိုးပေခန့်မြင့်သည့်အတွက် အသက်အရွယ် ကြီးသူ အမျိုးသမီးများ၊ ကလေးသူငယ် များမှာ အမှိုက်ပစ်ရာတွင် အဆင်မပြေမှုများ ကြုံတွေ့နေရတာဖြစ်တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

လက်ရှိမှာတော့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြစ်ကြီးနားမြို့ပေါ်ရပ်ကွက်၂၈ ရပ်ကွက် ရှိရာ ၂၅ ရပ်ကွက် မှအမှိုက်များကို အမှိုက်သိမ်းကား (၁၁)စီးဖြင့် သိမ်းဆည်းပေးနေပဲ ဖြစ်ပါတယ်။သို့သော်လည်း ကြက်ပေါင်ခြံ ရပ်ကွက်၊ ရွှေအိုက်ရပ်ကွက်၊ ရွှေပြည်သာရပ်ကွက်စသည့် သုံးရပ်ကွက်ကိုတော့ အမှိုက်သိမ်းမလုံလောက်တာ ကြောင့် အမှိုက်သိမ်းကားများဖြင့် သိမ်းဆည်းပေး နိုင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။ 

''အမှိုက်သိမ်းယာဉ် အခက်အခဲ ရှိနေတဲ့အတွက်ကြောင့် မြို့ပေါ်ရပ်ကွက် ၂၈ ရပ်ကွက်မှာ၂၅ ရပ်ကွက်ကိုပဲ အမှိုက် သိမ်းပေးနိုင်ပါတယ်၊ အစိုးရအဖွဲ့ကို ယာဉ် ထပ်တိုးပေးဖို့လည်း တောင်းထားပါတယ်၊ သုံးလကျော် လောက်တော့ရှိပြီ၊ သူများ မြို့တွေမှာလို အခုလက်ရှိအမှိုက်သိမ်းပေး နေတဲ့ကားထက်ပိုနိမ့်တဲ့ကားတွေအ သက် ၁ဝ နှစ်သား၊ ၁၂ နှစ်သား ကလေး တွေလည်း ပစ်နိုင်တဲ့ကားအနိမ့်လေးတွေ လည်း တောင်းထား ပါတယ်''ဟုမြို့နယ် စည်ပင်သာယာရေးအဖွဲ့ သန့်ရှင်းရေးဌာန စိတ်မှဒုဦးစီးမှူး ဦးအောင်နေစိုးက ပြောပါတယ်။ 

သတင်းအရင်းအမြစ် - မြန်မာ့အလင်း 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။